Unicode
"စိတ်မကောင်းပါဘူး ကျွန်တော်တို့ မနွေသုန္ဒရီ ကိုမကယ်လိုက်နိုင်ပါဘူး ..."
"ဘယ်...ဘယ်လို...မြေးငယ်ကတကယ်ပဲ"
ဆရာဝန်နဲ့အဖိုးတို့စကားတွေပြောနေပေမယ့်တော်ဝင်ထိုစကားတွေနားထဲမဝင်တော့။ တော်ဝင်သည်မလှုပ်မယှက်ထိုနေရာ၌တောင့်တင်းစွာရပ်နေလေသည်။ တော့်ဝင့်မျက်လုံးထဲဘာမှမမြင်တော့ပါ၊ တော်ဝင့်နားထဲဘာအသံမှမကြားနိုင်တော့၊ တော်ဝင့်အသိစိတ်သည်တော်ဝင့်ဆီတွင်ရှိမနေတော့ပါ။
"သား...တော်ဝင်...တော်ဝင်!!!"
ဦးတော်ဝင်မဟာသည် တော်ဝင့်ခန္ဓာကိုယ်အားလှုပ်ကာအသိစိတ်ဝင်ရန်ကူညီနေရသည်။
"ဆရာဝန်ကြီးပြောနေတာမင်းမကြားဘူးလား!!!"
"သခင်လေး..."
ဆရာဝန်ဟာတော်ဝင့်ကိုတိုက်ရိုက်ခေါ်လာတဲ့အခါမှာတော့တော်ဝင်မတတ်သာတဲ့အဆုံး ခေါ်ရာဘက်ကိုဦးတည်လိုက်သည်။ ထို့နောက်...
"နွေကို့မကယ်လိုက်နိုင်ဘူးတဲ့လား...ဘာလို့လဲ ဟမ်...ခင်ဗျားကဒီနိုင်ငံမှာအတော်ဆုံးဆရာဝန်ဆို ...ဘာလို့လဲ...ဘာလို့ကျုပ်မိန်းမကိုကြခင်ဗျားမကယ်နိုင်ရတာလဲ!!"
"ဆေးရုံရောက်တဲ့အချိန်ကသိပ်ကိုနောက်ကျလွန်းနေပါပြီ... ပြီးတော့..."
"ပြီးတော့...ဘာဖြစ်လဲ!!!!"
တော်ဝင့်လက်အစုံဟာလျင်မြန်စွာပဲဆရာဝန်ရဲ့ဂျူတီကုတ်အားဆောင့်ဆွဲထားလေပြီ။
"တော်ဝင် မင်းလွှတ်လိုက်စမ်း!"
"လူနာကသွေးနုသားနုအချိန်ဖြစ်နေတဲ့အတွက် ...ကျွန်တော်တို့ဘက်ကဘယ်လိုမှဆက်လုပ်ပေးလို့မရတော့ပါဘူး၊ ဗိုက်နဲ့ဦးခေါင်းမှာအဓိကထိုးစိုက်မိသွားတဲ့ဖန်ခွဲစတွေဟာသိပ်ကိုများလွန်းပါတယ် ...အဲ့ဒီ့အတွက်..."
"နေဦး!!!"
ဆရာဝန်ရဲ့စကားကိုနားထောင်အပြီးတော်ဝင်အပါအဝင် ဦးတော်ဝင်မဟာနဲ့ဦးထင်လင်းအောင်ပါသိပ်ကိုအံ့သြသွားကြရသည်။ ထို့နောက်တော်ဝင်ဟာချက်ချင်းပဲ။
"သွေးနုသားနုတဲ့လား!...အဲ့တော့...အဲ့တော့ပြောချင်တာက...နွေက...နွေ့မှာ...ကိုယ်ဝန်ရှိနေတာလား"