Unicode
"ကဲ ကလေးတွေဒီနေ့တီချယ်တို့အခန်းကိုကျောင်းသားသစ်တစ်ယောက်ပြောင်းလာတယ် ၊ဒီသူငယ်ချင်းကတရုတ်ကနေပြောင်းလာတာ၊ကပြားပေါ့ အဲ့ဒါကြောင့်သေချာဂရုစိုက်ပေးလိုက်ဦး ။သားဝင်လာခဲ့"
အခန်းတံခါးပွင့်သွားပြီးတော့ခပ်သန့်သန့်ခပ်ချောချောကောင်လေးတစ်ယောက်ဝင်လာသည်။ကပြားဖြစ်တာကြောင့်လဲပါမယ် ဖြူဖွေးတဲ့အသားအရည်နဲ့ထိုကောင်လေးရဲ့မျက်နှာခပ်ချောချောဟာသိပ်ကိုလိုက်ဖတ်နေတယ်။
"မင်္ဂလာပါ ငါ့နာမည်က မင်းဂုဏ်ရောင်ဝါ "
"ဝေ့ချန်ယွမ်?"
ထိုစကားကတော့ ယမင်းရွှေစင်ဆီကထွက်လာခဲ့ခြင်းဖြစ်သည်။ "ဝေ့ချန်ယွမ်...သေချာပေါက်ဝေ့ချန်ယွမ်ပဲ"
"နွေ မှတ်မိတယ်မလား"
"သေချာတာပေါ့ ငါတို့ရဲ့သူငယ်ချင်းပဲကို"
"ကေသွယ် နင်ရော"
"အင်း ဒါပေမယ့်ဝေ့ချန်ယွမ်ကဘာလို့ဒီကျောင်းကိုမှပြောင်းလာရတာလဲ"
"သေချာပေါက် နင်ဒီကျောင်းမှာရှိတာသိနေလို့ပေါ့"
"ပျော်နေမှာပဲ ယမင်းကတော့"
"ဟင်? "
"သဘောကျခဲ့တာမလား ချန်ယွမ့်ကို...သဘောကျနေသေးတာလဲဖြစ်နိုင်တာပဲ"
ကေသွယ်ကတော့ပြောလာတော့ယမင်းအနည်းငယ်တောင်ရှက်ချင်သွားသည်။
"အချစ်ဦးဆို ..."
နွေကထပ်ပြီးမေးလာတော့သည်။
"မဟုတ်ပါဘူး နင်တို့ကလည်း "
"ကဲ ကျောင်းသားသစ်လဲနေရာရပြီဆိုတော့အားလုံး စာစသင်ကြရအောင် တီချယ်တို့"
ဟုတ်ကဲ့...
ထိုနေ့မနက်စာသင်ချိန်ကတော့ ယမင်းအတွက်သိပ်ကိုပြီးပြည့်စုံခဲ့သည်။ စာသင်ချိန်ပြီးနားချိန်တွေမှာလဲ ဝေ့ချန်ယွမ် နဲ့နွေတို့စကားပြောဖြစ်ကြသည်။ နေ့လည်စာစားချိန်မှာလဲတူတူပဲ။ ငယ်သူငယ်ချင်းတွေဖြစ်တာကြောင့်အရင်ကအကြောင်းတွေပြန်ပြောရင်းရီကြမောကြနဲ့ထိုနေ့ဟာပျော်စရာကောင်းခဲ့ပါသည်။ ဒါပေမယ့်...အခုမှရောက်လာတဲ့ကျောင်းသားသစ်ကနွေတို့နဲ့ဒီလောက်ရင်းနှီးနေတာကိုမလိုလားတဲ့အခြားကျောင်းသားတွေလဲရှိတာပေါ့။