Part-19

15 7 0
                                    

Unicode

နေဝင်ဆည်းဆာအချိန်ကိုတောင်ရောက်လာခဲ့ပြီ။ လသာဆောင်ဝယ်ပိုးသားဂါဝန်ခပ်နီနီကိုဝတ်ထားတဲ့မိန်းမပျိုဟာနေဝင်ချိန်အလှကိုတစ်ဝကြီးခံစားလျက်။ ထိုစဥ်ထိုမိန်းမလှလေး၏သေးသွယ်သွယ်ခါးထက်ရစ်နှောင်လာတဲ့လက်တစ်စုံ။

"မောင် ပြန်ရောက်တာတောင်ဆင်းမကြိုပါလား”

"အင်း ကားသံကြားလိုက်ပေမယ့်အောက်မဆင်းချင်တော့လို့ ၊ နားလိုက်ပါဦး ပင်ပန်းနေမှာပေါ့…”

"မောင့်ပင်ပန်းသမျှက နွေ့မျက်နှာနုနုလေးကိုမြင်လိုက်ရရင်အားလုံးကကြက်ပျောက်ငှက်ပျောက် ပျောက်သွားရော ”

"ရေသွားချိုးလိုက်တော့ မောင်”

"နွေကအတင်းကိုနှင်ထုတ်နေတာပဲ”

"……”

"ဟုတ်ပါပြီ အဲ့ဒါဆိုမောင်ရေချိုးလိုက်ဦးမယ်နော် …ဒီမှာပဲစောင့်နေမောင်ပြန်လာခဲ့မယ်”

ရေချိုးခန်းထဲမောင်ဝင်သွားတာသေချာမှနွေတစ်ဖက်သို့မျက်နှာလှည့်လာသည်။ နွေမကြိုက်ပါ တစ်ခြားမိန်းမတစ်ယောက်ကိုထိတွေ့ထားတဲ့လက်တွေနဲ့နွေ့ကိုလာကိုင်တာမျိုး။ နွေမနှစ်သက်ပါ မောင့်အင်္ကျီထက်စွဲနေတဲ့တစ်ခြားမိန်းမတစ်ယောက်ရဲ့အနံ့အသက်တွေကို။ အဆိုးဆုံးကတော့ထိုအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုးနေနေတဲ့မောင့်ကို…။ ဒီအ​ကြောင်းတွေတွေးတိုင်း နွေအိပ်ပျော်မယ်မထင်ပါ။

နောက်တစ်နေ့မနက်စာဝိုင်းမှာနွေမောင့်ကိုအဆင်သင့်ထိုင်စောင့်နေသည်။ ဖိုးဖိုးကတော့ဒီနေ့ကုမ္ပဏီကိုကိုယ်တိုင်သွားချင်သည်ဆိုတာကြောင့်မနက်အစောကြီးထွက်သွားလေသည်။ ဝတ်စုံပြည့်ဝတ်ကာအပေါ်ထပ်ကကြော့ကြော့မော့မော့ဆင်းလာတဲ့မောင်ဟာစားပွဲရဲ့ထိပ်ဆုံးဝိုင်းမှာဝင်ထိုင်လျက်။

"Morning နွေ…မောင်ဒီနေ့လဲဒယ်ဒီ့ဆီသွားရမယ် နွေရောလိုက်မလား”

"ဟင်းအင်း မလိုက်တော့ဘူး၊ ဒီနေ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းထားတယ်”

"နွေခွဲစိတ်ဖို့တောင်မလုပ်ရသေးဘူးအခုအခြေအနေကအရင်ကထက်ပိုကောင်းလာသလိုပဲနော်၊ အသားလေးတွေလဲကြည်လာတယ်၊ မျက်နှာလေးတွေလဲပြည့်လာတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကိုယ်ဝန်လရင့်လာတာနဲ့အမျှပိုလှလာတယ်ပဲကြားဖူးတယ် ၊ နွေကြတော့ခွဲစိတ်ခန်းဝင်ခါနီးမှပိုလှလာတယ်”

Colorful Melody. (Season 1)Where stories live. Discover now