Part-11

16 9 0
                                    

Unicode

မင်္ဂလာဆောင်ပြီးတစ်ပတ်အကြာ...

"မမလေး"

နွေမနက်စာစားရန်အောက်ထပ်ဆင်းအလာအိမ်အကူကောင်မလေး၏ခေါ်သံကြောင့်ခြေလှမ်းများရပ်သွားသည်။

"ဘာပြောစရာရှိလို့လဲ "

"ဒီမှာပါ"

အိမ်အကူကောင်မလေးဟာသူ့လက်ထဲကစာအိတ်အားနွေ့ကိုကမ်းပေးလာသည်။

"ဒါက?"

"အဲ့ဒါကမမလေးတို့မင်္ဂလာဆောင်တဲ့နေ့မနက်ပိုင်းလောက်က လူတစ်ယောက်လာပို့သွားတာမင်္ဂလာလက်ဖွဲ့လို့ပြောတယ် ၊ မမလေးလဲအိမ်တော်ကိုပြန်မလာတာနဲ့ကျွန်မပေးဖို့မေ့နေတာ ..."

"ကောင်းပြီ နွေယူသွားလိုက်မယ်"

နွေထမင်းစားစားပွဲမှာထိုင်ရင်းစာအိတ်ကိုသေချာကြည့်လိုက်မိသည်။ ပို့ဆောင်သူအမည်မပါသလို၊ စာအိတ်မှာဘာမှမရေးထားဘဲဒီအတိုင်းပြောင်ချောကြီးသာ။ နွေစာအိတ်ကိုဖွင့်မယ်အလုပ်...။

"Morning "

မျက်နှာမြင်ဖြတ်ရိုက်ချင်ပါစေ။ အသံကြားအော့အန်ချင်ပါစေဆိုတဲ့ဆုတွေနဲ့ပြည့်နေတဲ့ မကြာသေးခင်ကမှလက်ထပ်ယူထားတဲ့ခင်ပွန်းတော်ဝင်လင်္ကျာ။

"ဘာကြီးလဲ အဲ့ဒါ"

ကော်ဖီအားသောက်ရင်းနွေ့လက်ထဲကစာအိတ်ကိုမျက်စပစ်ကာမေးလာသူ။ နွေစာအိတ်ကိုတစ်ဖက်ကိုချလိုက်ရင်း။

"နင်သိစရာမလိုဘူး"

"ကုမ္ပဏီ လိုက်မလား"

"ငါက...နင့်ကုမ္ပဏီကိုဘာလုပ်ဖို့လိုက်ရမှာလဲ ၊ ပြီးတော့ဒီနေ့ကငါ့ရဲ့နားရက် အိမ်မှာပဲနေဖို့စဥ်းစားထားတယ်"

"ပြီးတာပဲ ဒါပေမယ့်ညကျရင်တော့ ထရီလီယံကလပ်partyတက်မှာမလား "

"သေချာပေါက်တက်ရမှာပေါ့..."

"ဒီနေ့ညအထူးဧည့်သည်ရှိတယ်တဲ့ သိထားလား"

"မသိဘူး ဘယ်သူလဲ?"

"အီတလီက ၊ လူစီဖာမိသားစုရဲ့သားအငယ်ဆုံး Cassano! ၊ လူစီဖာမိသားစုကိုတော့သိမှာပါ"

"အင်း မာဖီးယားမိသားစုလို့တောင်ခေါ်ကြသေးတယ်မလား ၊ ဘာလဲ...မာဖီးယား၊ ပြည်သူ၊ ရဲ၊ မာဖီးယားထဲကမာဖီးယားလား အဓိပ္ပါယ်ကိုမရှိဘူး"

Colorful Melody. (Season 1)Where stories live. Discover now