Unicode
မင်္ဂလာဆောင်ပြီး၁လအကြာ…
"နွေဒီနေ့နင်တို့1month anniမလား…”
ဒီနေ့မဆုံဖြစ်တာကြာတဲ့နွေတို့သူငယ်ချင်းသုံးယောက်ဆုံဖြစ်ခဲ့ကြသည်။ ယမင်းကပြောမှနွေလဲသတိရတယ်ဟုတ်တာပဲဒီနေ့သူတို့လက်ထပ်ပြီးတာ1month ပြည့်တာပဲ။
"အချိန်တွေကုန်တာတကယ်မြန်တာပဲ ”
"ဟုတ်ပါတယ်ဆို ဒါနဲ့ကေသွယ် …”
"ဘာဖြစ်လို့လဲ ”
"ငါမေးချင်ပေမယ့်မေးသင့်လား မမေးသင့်လားစဥ်းစားနေတာ ”
ကေသွယ်နဲ့ယမင်းပြောသမျှကိုနွေငြိမ်ငြိမ်လေးသာနားထောင်နေလိုက်သည်။
"စိမ့် လက်ထပ်သွားပြီဆို”
စိမ့်နဒီလက်ထပ်သွားပြီဆိုတာနွေလဲအခုယမင်းပြောမှသိရခြင်းပင်။ အဲ့ဒါကြောင့်ကေသွယ်မျက်နှာမကောင်းတာပဲ။
"အင်း သူနဲ့လိုက်ပါတယ် ဆရာဝန်တဲ့လေ ၊ နာမည်ကသက္ကရာဇ်မောင်တဲ့ ”
"နင်အဆင်ပြေရဲ့လား”
"ငါလဲလက်ထပ်တော့မှာ”
ဟမ်!ဟမ်!
"ဘယ်သူနဲ့လဲ ချက်ချင်းကြီးပါလား”
ဒီတစ်ခါတော့နွေဝင်ပြောလိုက်ခြင်းပင်။
"အေး မေမေတို့စီစဥ်တာပါငါ့အမေသူငယ်ချင်းရဲ့သား ၊ နင်တို့လဲသိမယ်ထင်တာပဲDiamond landဆိုင်ပိုင်ရှင်အန်တီယွန်းဝင့်လွှာရဲ့သားအငယ် သက္ခလင်းရောင်နဲ့”
"ဝိုးးး အဲ့ဆိုင်ကစိန်တွေတကယ်မိုက်တာ ”
"နေပါဦးငါတို့ကိုပဲပြောနေတယ် နင်ကရောယမင်းခုချိန်ထိအရွေးကောင်းနေတုန်းလား ”
"နင်တို့မသိသေးဘူးပဲ ငါတွဲနေပြီဟန်သာနဲ့”
"ဟယ်တကယ်ကြီး ဝေ့ချန်ယွမ်ကရော”
"နင်တို့နှစ်ယောက်တကယ်ကိုဘာမှမသိကြဘူးပဲ ဝေ့ချန်ယွမ် နဲ့စံသာနဲ့တွဲနေတာလေ ”
ဟမ်!ဘာ!
"ငါတောင်အောင်သွယ်ပေးလိုက်သေးတယ်”
နွေရော၊ ကေသွယ်ရောပြောစရာမရှိတော့ပေ။ ဒါဘယ်လိုအခြေနေကြီးလဲ။ ချန်ယွမ်ကရောဘယ်လိုလုပ်ပြီးကွေးသွားရတာလဲ။ စံသာကရော…wtf!။