Unicode
အဂ္ဂဆီကစာကိုရရချင်း တော်ဝင်အဂ္ဂဆီသွားတွေ့ဖို့ခြေလှမ်းအစနောက်ထပ်စာတစ်စောင်ရောက်လာတယ်၊ ထပ်ပြီးတော့အဂ္ဂဆီကပဲ "ငါ့ဆီမလာခင်နွေ့ကိုအရင်သွားတွေ့လိုက်၊ ငါပြန်တော့မှာ” ။ ထိုစာရအပြီးမှာတော့တော်ဝင်သွားခဲ့တာကနွေ့ရဲ့condoဆီကိုပင်။
တီ!
ဘဲလ်တီးသံအဆုံးမှာတော့condoတံခါးလေးပွင့်လာခဲ့ပြီ။ ချစ်ရသူရဲ့မျက်နှာကိုတဖန်အနီးကပ်မြင်တွေ့ရပြီ။ နွေကတော့ဘယ်အချိန်မှာဘယ်လိုအခြေနေပဲဖြစ်နေပါစေနွေ့ရဲ့မျက်နှာလေးဟာအမြဲတမ်းတည်ငြိမ်နေတာ။ ခန့်မှန်းရခက်တဲ့အရာတွေထဲမှာတော်ဝင်အတွက်တော့နွေဟာထိပ်ဆုံးကပဲ။
"နွေ ”
"အခုလေးတင်ပဲကိစ္စရှိလို့ဆိုပြီးထွက်သွားပြီးတော့”
"ဪ…အဲ့ကိစ္စကသိပ်အရေးမကြီးတော့လို့လေ၊ တစ်ခြားတပည့်တစ်ယောက်နဲ့အပ်ထားလိုက်တယ်၊”
"ဪ…”
"မောင့်ကိုအထဲမဝင်ခိုင်းတော့ဘူးလား…”
"ဟုတ်သားပဲ sorry…”
တော်ဝင်အထဲကိုရောက်တာနဲ့နွေ့ကိုတင်းကြပ်စွာပွေ့ဖက်လိုက်သည်။ နွေ့ဘက်ကတုန့်ပြန့်မှုမရှိပေမယ့်တော်ဝင့်အတွက်တော့ဒီအခြေနေလေးကအဆင်ပြေပါတယ်။ အရမ်းလွမ်းနေခဲ့ရတာလေ။
"ဘယ်လိုဖြစ်နေတာလဲ၊ ”
"မောင်နွေ့ကိုအရမ်းလွမ်းနေတာလေ၊ ”
"ငါသာမရှိတော့ရင်ဘယ်လိုလုပ်မလဲ …၊ ဟမ်းးကြာလာရင်မေ့သွားမှာပါ…တယောက်ထဲလဲအဆင်ပြေသွားမှာပေါ့ဟုတ်တယ်မလား”
"မေ့သွားမယ်?…မောင်ကနွေ့ကိုမေ့သွားမယ်တဲ့လား”
"ငါမရှိတော့ရင်မေ့သွားမှာပေါ့…အဲ့ဒီ့ခါမောင်ငါ့ကိုဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူးလေ”
"နွေ…နွေမောင်လို့ခေါ်လိုက်တာလား”
"……”
"အချစ်ဆိုတာပိုင်ဆိုင်ရမှ၊ မျက်စိရှေ့မှာမြင်နေရမှမဟုတ်ဘူး၊ နှလုံးသားထဲမှာအမြဲတမ်းရှိနေတဲ့အရာဆိုတာမောင်ကနွေ့ကိုသိစေချင်တာ…”