Unicode
"ဘာလို့အခြေအနေတွေကဒီလောက်တောင်မြန်ဆန်ရတာလဲ၊ မသေချင်ဘူး...မောင့်ကိုတွေချင်သေးတာ၊ မောင်နဲ့စကားတွေအများကြီးပြောချင်သေးတာ၊ဒီကိစ္စမောင်မလုပ်ပါဘူးမောင်နဲ့ဘာမှမဆိုင်ပါဘူးဆိုတဲ့မောင့်ဆီကဖြေရှင်းသံတွေကိုနားထောင်ချင်သေးတာ မောင့်ကိုခနလောက်တော့စိတ်ဆိုးစိတ်ကောက်ဖို့တွေးထားတာ၊ အနာဂတ်မှာမောင်နဲ့တူတဲ့ကလေးလေးကိုမွေးပေးပြီးအတူပျော်ပျော်ရွှင်ရွှင်နေသွားချင်သေးတာ ...ပြောပြချင်သေးတယ်မောင့်ကိုဘယ်တုန်းကမှမမုန်းခဲ့ဖူးဘူးဆိုတာကို...မောင့်ကိုငါကပဲအရင်သဘောကျခဲ့တယ်ဆိုတာကို...ဒါပေမယ့်...တောင်းပန်ပါတယ်...အရာအားလုံးအတွက်တောင်းပန်ပါတယ်"
နောက်ဆုံးအနေနဲ့ပြောခဲ့တဲ့နွေ့စိတ်ထဲကဒီစကားသံတွေကိုမောင်သာကြားခဲ့ရင်ဘယ်လိုများနေလိမ့်မလဲ။ နွေဟာမောင့်ကိုဘယ်တုန်းကမှမမုန်းခဲ့ဘူးတဲ့လေ။ မောင်သိပ်ချစ်ပါတယ်ဆိုတဲ့နွေကလဲမောင်ကိုသိပ်ချစ်ခဲ့တာ၊ ထုတ်မပြခဲ့ပေမယ့်နွေဟာမောင့်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာ၊ မောင့်ကိုပဲတစ်ချိန်လုံးစိုးရိမ်နေခဲ့တာ၊ မောင့်အတွက်ပဲတစ်ချိန်လုံးတွေးပေးနေခဲ့တာတဲ့လေ။
နွေ့ရဲ့ဇာပနအပြီး...
မှောင်မိုက်နေတဲ့ခပ်ဖြူဖြူအခန်းငယ်ရဲ့ထောင့်တစ်နေရာမှာတော့ ကိုယ်ကိုခပ်ကျုံ့ကျုံ့အနေအထားနဲ့မျက်ရည်တွေမဆယ်နိုင်အောင်ဖြစ်နေတဲ့လူတစ်ယောက်၊ နေ့ညရက်ဆက်တစ်ရက်ကလေးမှမအိပ်ခဲ့တာကြောင့်ချောင်ကျနေတဲ့မျက်တွင်းတွေနဲ့ အားအင်မရှိလောက်အောင်နွမ်းနယ်နေတဲ့ခန္ဓာကိုယ်နဲ့ထိုလူ၊ ဒါဟာဘယ်သူများလဲ...။
သေချာပေါက် တော်ဝင်စော်ဘွားမျိုးနွယ်ရဲ့သခင်လေးတော်ဝင်လင်္ကျာပေါ့၊ ရုတ်တရတ်ခပ်ဖြူဖြူနံရံထက်အရိပ်တစ်ခုထင်ဟပ်လာသည်၊ တစ်ဖြည်းဖြည်းထိုအရိပ်ဟာတော်ဝင့်မျက်လုံးထဲရုပ်လုံးပေါ်လာခဲ့တယ်၊။
"နွေ..."
တော်ဝင်ထိုင်နေတဲ့ရှေ့ရဲ့ ၅လှမ်းလောက်အကွာမှာနွေဟာရပ်နေတာ၊ နွေဟာငိုနေရှာတယ်၊ နွေ့ရဲ့မျက်လုံးတွေထဲမှာမောင့်ကိုနာကျည်းမုန်းတီးနေတဲ့အရိပ်ယောင်တွေဟာသိပ်ကိုထင်ဟပ်နေတယ်။