တိတ်ဆိတ်နေတဲ့ညဥ့်နက်သန်းခေါင်ယံအချိန်မှာတော့ကောင်းကင်၌တစ်လက်လက်တောက်ပနေတဲ့ကြယ်လေးတွေနဲ့အပြိုင်သိပ်ကိုလှတဲ့မိန်းမပျိုတစ်ဦးဟာနီလာစံအိမ်တော်ကြီးရဲ့လသာဆောင်တစ်နေရာမှာရပ်နေလေသည်။ ထိုမိန်းကလေးဟာပန်းနုရောင်ပိုးသားဂါဝန်ကိုဝတ်ဆင်ထားပြီးသူ့ရဲ့လက်တစ်ဖက်မှာခပ်ရဲရဲဝိုင်နီတစ်ခွက်ကိုကိုင်ထားသည်။ ထိုမိန်းကလေးရဲ့ရေသေအလားတည်ငြိမ်နေတဲ့မျက်နှာလှလှကလေးဟာအဓိပ္ပါပယ်မဲ့စွာ ကောင်းကင်ကြီးကိုမော့ကြည့်နေလေတယ်။
ခနအကြာမှာတော့ထိုမိန်းကလေးအနားကို အသက်ကြီးကြီးလူတစ်ယောက်ရောက်သည်။ ထိုလူဟာညအိပ်ဝတ်စုံကိုဝတ်ဆင်ထားတာတောင်သူ့ရဲ့ခန္ဓာကိုယ်ဟာအရှိန်အဝါတွေထွက်နေ၏။ ထိုလူဟာသေချာပေါက် နီလာစံအိမ်တော်ကြီးရဲ့သခင်ကြီးဦးမင်းထင်အောင်။
"မြေးငယ် မအိပ်သေးဘူးလား "
"ဒီနေ့က မာမီဆုံးတာ၁၀နှစ်ပြည့်တဲ့နေ့လေ......"
"မြေးငယ်က မြေးငယ်အမေကိုသတိရနေတာလား"
"နွေသတိမရပါဘူး!...မာမီဆိုတာနွေ့အတွက်အိမ်မက်ဆိုးပဲ "
"မြေးငယ်..."
"ဒါပေမယ့် နွေအခုပြန်စဥ်းစားနေတာမာမီနဲ့အတူရှိခဲ့တုန်းကအမှတ်တရတွေကိုလေ..."
နွေ့ရဲ့အသံမှာအက်ကွဲနေကာ၊နွေ့ရဲ့မျက်လုံးတွေဟာအဓိပ္ပါယ်မဲ့နေလေသည်။
"နွေ့မှာမာမီနဲ့ပတ်သတ်ပြီးအမှတ်တရတွေအများကြီးရှိခဲ့တယ် ...ဖိုးဖိုးနားထောင်မလားနွေပြောပြမယ်"
"မြေးငယ်သာပြောပြမယ်ဆိုရင်ဖိုးဖိုးကနားထောင်ပေးမှာပေါ့ "
"နွေပထမဆုံးစကားပြောတတ်တဲ့အရွယ်မှာတုန်းက နွေပထမဆုံးပြောခဲ့တဲ့စကားက ...မေမေတဲ့ ၊နွေမေမေဆိုတဲ့နာမည်ကိုနွေ့ပါးစပ်ကစခေါ်ခဲ့တုန်းက ဖြစ်သွားတဲ့မာမီ့ရဲ့မျက်နှာကိုနွေခုချိန်ထိမမေ့သေးဘူး ၊မာမီသိပ်ကိုစိတ်ပျက်သွားတာ ...အဲ့တုန်းကမာမီကပြောခဲ့တယ်"မခေါ်နဲ့ ၊ငါ့ကိုမေမေလို့နင်ခေါ်စရာမလိုဘူး၊နင့်ကိုလဲငါကလိုချင်လွန်းလို့မွေးခဲ့တာမဟုတ်ဘူး...အဲ့ဒါကိုနင့်ခေါင်းထဲမှာဆွဲနေအောင်မှတ်ထား" တဲ့နွေမာမီ့ကိုမေမေလို့ခေါ်တိုင်းမာမီကနွေ့ကိုအဲ့စကားပြောခဲ့တာ..."