Unicode
တော်ဝင်အိမ်တော်ရှေ့ကိုအရောက်တန်းစီနေတဲ့ရဲကားတွေကိုတွေ့လိုက်ရတာကြောင့်ရင်ထိတ်လျက်။ နွေ့ကိုတော့ခေါ်မလာဖြစ်ပါခရီးပန်းလာမှာဖြစ်တာကြောင့်ရယ် စိတ်မချတာကြောင့်ပါ နီလာစံအိမ်တော်ကိုပြန်ပို့ကာအဖိုးဆီမှာသေချာအပ်ထားခဲ့ရသည်။
အိမ်တော်ထဲအဝင်ဧည့်ခန်းမှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်တော်ဝင် ရှော့ခ်တောင်ရသွားနိုင်သည်၊ ရဲတွေဆီမှာလက်ထိပ်အခတ်ခံရပြီးထိန်းချုပ်ခံထားရတဲ့ဒယ်ဒီ။ ထိုင်ခုံပေါ်မှာရင်ဘတ်ကိုဖိလျက်နွမ်းနယ်နေတဲ့မျက်နှာနဲ့မာမီ။ ပြီးတော့…ပြီးတော့ ရဲမှူးချုပ်နဲ့စကားပြောနေတဲ့နောက်ထပ်ဒယ်ဒီ။ ဘာလဲ…ဘာတွေဖြစ်ကုန်တာလဲဘာလို့ဒယ်ဒီကနှစ်ယောက်ဖြစ်နေတာလဲ။
"ဒယ်ဒီ…မာမီ…”
တော်ဝင့်အသံကိုကြားတားနဲ့အားလုံးရဲ့အာရုံဟာတော်ဝင့်ဆီကိုရောက်လာကြကုန်၏။ လက်ထိပ်ခတ်ခံထားရတဲ့ဒယ်ဒီဟာရဲတွေလက်မှရုန်းလျက်အပြေးအလွှားတော်ဝင့်နားကိုကပ်လာ၏။
"သား တော်ဝင်…အဖေကမင်းရဲ့အဖေလေဟုတ်တယ်မလား ဟမ်…ဟိုမှာရပ်နေတာမင်းအဖေမဟုတ်ဘူးအဲ့ဒါလူလိမ်!…ဒီမှာရှိနေတဲ့လူတွေအားလုံးကြားအောင်ပြောလိုက်လေ မင်းအဖေကငါပါလို့ဟိုမှာရပ်နေတဲ့သူမဟုတ်ဘူးလို့”
သွေးရူးသွေးတမ်းပြောနေတဲ့အဖေဆိုတဲ့သူကိုကြည့်ရင်းတော်ဝင်အခုမှသတိရတယ်။ ဒယ်ဒီ့မှာညီတစ်ယောက်ရှိသေးတယ်ဆိုတာ။ အမွှာမဟုတ်ပေမယ့်ရုပ်ချင်းသိပ်ဆင်လွန်းတယ်…ငယ်ငယ်ကတည်းကဒယ်ဒီ့ကိုမနာလိုခဲ့တဲ့ဦးလေးဟာ အသက်ရလာတာနဲ့အမျှစိတ်ရောဂါဝေဒနါတစ်ခုကိုခံစားခဲ့ရတယ်။ အဲ့ဒီ့အတွက်ဦးလေးဟာကျောင်းပြီးအောင်ပင်မတက်ခဲ့ရပါ။ အသက်၂၅လောက်မှာတော့ တော်ဝင်မျိုးနွယ်ကပိုင်တဲ့စိတ်ရောဂါအထူးကုဆေးရုံတစ်ခုမှာထိန်းချုပ်ခံခဲ့ရတယ်လို့ဒယ်ဒီပြောပြဖူးသည်။
ဒယ်ဒီနဲ့မာမီ မင်္ဂလာဆောင်တုန်းကဦးလေးဟာဆေးရုံကထွက်ပြေးပြီးခန်းမထဲထိလာပြီးနှောက်ယှက်ခဲ့ဖူးသည်။ တော်ဝင်တို့ဆက်ခံသူရွေးချယ်တဲ့နေ့တုန်းကလဲဦးလေးကိုတော်ဝင်တစ်ခါတွေ့ဖူးပါသည်၊ အဲ့ဒါနောက်ဆုံးအကြိမ်ပဲ…အခုကတော့။ အခုအခြေနေအရဦးလေးဟာဆေးရုံကထပ်ပြီးထွက်ပြေးလာတာပဲ၊ ဘယ်တုန်းကစပြီးတော်ဝင်တို့အိမ်ပေါ်ရောက်နေလဲဆိုတာတော့တော်ဝင်ကိုယ်တိုင်ပင်မသိပါ။