Part-6

22 9 0
                                    

Unicode

"ဟျောင့် ဟန်သာ မင်းတော့ကျန်ခဲ့တော့မယ်ထင်တယ်"

ဒီနေ့တော်ဝင့်အိမ်မှာဟန်သာ၊စံသာနဲ့နေရစ်တို့ရောက်နေကြသည်။ ကျောင်းပိတ်ရက်ဖြစ်တာကြောင့်သူငယ်ချင်းတွေအပြင်သွားဖို့စီစဥ်ထားပေမယ့်သခင်လေးတော်ဝင်ကနေပူလို့မသွားချင်ဘူးတဲ့လေ။ ထိုင်ခုံမှာထိုင်ပြီးဖုန်းကြည့်နေရင်းညီဖြစ်သူစံသာမင်းမြတ်၏စကားကြောင့်ဟန်သာမျက်ခုံးပင့်မိသွားသည်။

"ဘာကိုလဲ?"

"မင်းဂုဏ်ရောင်ဝါလေ တစ်နည်းပြောရရင်ဝေ့ချန်ယွမ် မင်းတို့သူ့ကိုမမှတ်မိကြဘူးလား"

"သူကဘာဖြစ်လို့လဲ "

"သူကယမင်းရဲ့အချစ်ဦးတဲ့လေ ဟန်သာမင်းနောက်ကောက်ကျန်ခဲ့မှာငါမြင်ယောင်သေး"

ထိုအခါနေရစ်ကတော်ဝင့်အိပ်ယာပေါ်မှာလှဲနေရင်းမှကုန်းရုန်းထကာစံသာ့နားကိုရောက်လာသည်။

"နေပါဦး ဒါဆိုပြောချင်တာက ဟန်သာက ယမင်းကိုကြိုက်နေတာလား!"

"မင်းတို့မသိဘူးလား သူယမင်းကိုဟိုးအလယ်တန်းလောက်ကတည်းက ကြိတ်crushနေတာ"

ထိုအခါနေရစ်ကအံ့သြသွားပုံပေါ်သည်။

"တော်ဝင် မင်းရော"

"မင်းတောင်မသိတာ ငါကဘယ်လိုလုပ်သိမှာလဲ ဟန်သာ့အကြောင်းလဲသိတဲ့တိုင်းဘယ်တုန်းကသူ့စိတ်ထဲမှာရှိတာပြောပြဖူးလို့လဲ ၊ စံသာတောင်သူနဲ့စိတ်ချင်းဆက်အမွှာဖြစ်နေလို့သာ"

"ဟန်သာ မင်းဖွင့်ပြောလိုက်လေပြောလို့မရဘူး ယမင်းကလဲမင်းကိုသဘောကျနေနိုင်တာပဲ"

ထိုအခါဘာမှခွန်းတုံ့ပြန်မလာတဲ့ဟန့်သာကိုကြည့်ရင်းစံသာကခုလိုခပ်နောက်နောက်ပြောလိုက်လေသည်။

"မင်းတို့မသိလို့ကွ ငါ့အကိုကSpidermanလေ သူကကြိုးလဲပစ်တတ်သလို၊ခိုးလဲချစ်တတ်တယ်"

ဟားဟား

......

"မြေးငယ် ဖိုးဖိုးပြောစရာရှိလို့"

နွေစာကြည့်ခန်းထဲမှာစာအုပ်ဖတ်နေရင်းဖိုးဖိုးဝင်လာခြင်းဖြစ်သည်။ ဖိုးဖိုးရဲ့မျက်နှာဟာအရမ်းကိုတည်ကြည်နေတယ်။ကိစ္စတစ်ခုခုကိုအရေးတကြီးပြောချင်နေတဲ့ပုံပင်။

Colorful Melody. (Season 1)Where stories live. Discover now