တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညအချိန်ခါမှာ ရပ်ကွက်ငယ်လေးတခုအတွင်းရှိ ခေါင်မိုးထပ်လေးမှာ နှစ်ခြိုက်စွာ ကောင်လေးတယောက် အိပ်ပျော်နေတယ်
အဲ့ဒီအချိန်မှာပဲ ကျယ်လောင်စွာ မြည်လာတဲ့ ဖုန်းသံကြောင့် ကောင်လေး အိပ်ပျော်ရာကနေ နှိုးလာတယ် ပြီးတော့ မျက်လုံးမဖွင့်ဘဲ ဖုန်းကိုပြောလိုက်တယ်
Baekhyun :: Hello!!!
Lay :: Baekhyun ya, အိပ်ပြီလား ငါ Lay ပါ ကွ
ွ
Baekhyun :: Nae, သူဋ္ဌေး ပြောပါ
Lay :: သူငယ်ချင်း အချင်းချင်း အဲ့လိုမခေါ်ပါနဲ့ဆိုကွာ
Baekhyun :: ဟုတ်ပါပြီကွာ ကဲ ပြော
Lay :: မင်းအခုချက်ချင်း ဆိုင်ကိုလာခဲ့ကွာ ငါ့ရဲ့ဘော်ဒါတယောက် တော်တော်မူးနေလို့ သူ့အိမ်ကို မင်းက ကားမောင်းပြီး ပို့ပေးပါကွာ
Baekhyun :: ok. Wait a min, plz
ဆိုပြီး Baekhyun ဖုန်းချလိုက်ပါတယ် သူကအလုပ်ကြိုးစားတဲ့သူလေ Lay က သူငယ်ချင်းဆိုပေမယ့် သူဋ္ဌေးလည်းဟုတ်ပါတယ် သူ့ကို အမြဲတမ်း support လုပ်ပေးတဲ့သူဆိုတော့ Lay ပြောရင် သူဘယ်တော့မှ မငြင်းတတ်ဘူး Lay က လည်း သူ့အတွက်မကောင်းတာဆို မပြောတတ်ဘူးလေ အခုလည်း Lay တယောက် သူ့အကူအညီလိုလို့ ဖုန်းဆက်တာပါ အဲ့ဒါကြောင့် အနွေးထည်တထည် ကောက်ဝတ်ပြီး အမြန်ပဲထွက်လာလိုက်တယ်
ဆိုင်ရောက်တော့ Lay တယောက် အရပ်ရှည်ရှည် ပိန်ပိန်နဲ့ မူးလို့ယိုင်ထိုးနေတဲ့သူ ကို တွဲထားပြီး နောက်လက်တဖက်ကလည်း သူ့ရဲ့ boyfri လေး Chen ကို တွဲထားရတယ်
နှစ်ယောက်လုံးမူးနေလိုက်တာများ ကြားထဲက Lay ခမျာ သနားစရာလေး
Lay :: Baekhyun ya, လာတွဲပေးပါဦးကွာ
Baekhyun :: ဘယ်လိုဖြစ်တာလဲ Lay ရာ waiter တွေလည်း တယောက်မှမရှိပါလား
Baekhyun လည်း Lay လက်ထဲက အရပ်ရှည်ရှည်နဲ့လူကို တွဲလိုက်ပြီး မေးလိုက်တယ်