တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကို လက်နဲ့အသာထောက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်မိတယ် ဟင် ကျွန်တော့်အခန်းထဲပြန်ရောက်နေတာပဲ ညက သောက်တာများပြီး ဘယ်သူပြန်လိုက်ပို့လိုက်တာလဲတောင်မသိတော့ဘူး
အဲ့ဒီအချိန် ကျွန်တော့်အခန်းတံခါးကို တွန်းဖွင့်ဝင်လာတဲ့သူ က
Kai :: yrrr..... Park Chanyeol မင်းခုထိမထသေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ?
ဆိုပြီး ကျွန်တော့်ကိုယ်ကို အတင်းဆွဲထူပါတယ်
Yeol :: arrasaw. ထပါပြီ
အဲ့ဒီအချိန်မှာ မီးဖိုချောင်ထဲက အသံစာစာလေး တခု ထွက်ပေါ်လာပါတယ်
Kyung Soo :: Kai ရေ Hyung ကို လာကူပါဦး
Kai :: Nae , Hyung
ဆိုတဲ့ အသံနဲ့အတူ လစ်ခနဲ မီးဖိုချောင်ထဲ ၀င်သွားတဲ့ Kai ကို ကြည့်ပြီး Chanyeol တယောက် ခေါင်းတခါခါနဲ့ ရေချိုးခန်းထဲဝင်သွားပါတယ်
@@@@@@@@@@@@@@@@@@@@@@@
Chanyeol တယောက် စားပွဲပေါ်က ဟင်းခွက်အစုံအလင်ကိုကြည့်ပြီး
Yeol :: ဒီနေ့ကဘာနေ့လဲမို့လို့ ဟင်းတွေစုံနေတာလဲ
Chanyeol က ပြောလည်းပြောရင်း ဟင်းတဖတ်ကောက်ထည့်ဖို့လုပ်တော့
Kai :: yrrr..... မင်းမထည့်နဲ့ဦး ငါ့hyungကို မထည့်ပေးရသေးဘူး
ပြောပြောဆိုဆိုနဲ့ Kai တယောက် သူ့ဘေးက Hyung ပိစိလေးကို ဟင်းတွေစုပုံထည့်ပေးလိုက်တာ ပန်းကန်ထဲမှာ ထမင်းတောင်မမြင်ရတော့ပါဘူး
Kyung Soo :: တော်ပါပြီ Kai ရဲ့ Yeol မင်းလည်းထည့်စားနော် ဒီနေ့က ငါတို့နှစ်ယောက်ရဲ့ first anniversary လေ ပြီးတော့ ပိတ်ရက် super Sunday မို့လို့ နည်းနည်းလက်စွမ်းပြထားတာ များများထည့်စား
Kai :: hyung မပြောလည်း သူထည့်စားမှာ hyung သာ စကားနည်းနည်းပြော ထမင်းများများစား
အကြင်နာပိုနေတဲ့ သူ့ရှေ့က အတွဲကို မျက်စိနောက်တာနဲ့ Chanyeol တယောက် ခပ်သွက်သွက်စားပြီး ဧည့်ခန်းထဲကို ထထွက်လာတယ်