#Baby Park & Teacher Byun ဆိုတဲ့ Cb Yaoi fic လေး တင်ထားပါတယ်လို့။ ဖတ်ကြည့်ပေးကြပါဦးနော်! ဒီ fic လေး ဇာတ်သိမ်းတော့မှာမို့ အသစ်တင်လိုက်တာ :)
××××°°°°°××××*****×××××
" Our love is so sweet "
( Part - 17 )
လရောင်ဖြာကျနေတဲ့ ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်ရင်း Baekhyun အတွေးနယ်ချဲ့နေမိသည်။
တကယ်ပဲ! Kyung Soo ကို ကျနော့်ညီလေး မဖြစ်ဖို့ ဆုတောင်းမိရဲ့။
ခုနက Lay ဖုန်းဆက်တယ်ဆိုပီး Appaတို့ကို ညာပြောခဲ့ခြင်းသာ....Layဆီက အကြောင်းရင်းမသိရသေး။
ဘာမှမသေချာသေးဘဲ Kyung Soo အနေခက်မှာစိုးလို့ ညာလိုက်တာပါ။
* Kai ဆိုတဲ့ကလေးနဲ့ Kyung Sooလေးနဲ့ ဘယ်လိုပက်သက်တာလဲ Hyunnie? သူတို့ ယောကျာ်းလေးချင်း ကြိုက်နေတာတော့ မဟုတ်ပါဘူး နော် *
ဘယ်သူမှမသိအောင် တီးတိုးလာမေးတဲ့ Omma ရဲ့ စကားကို ကြားယောင်ပီး ရင်မောမိတယ်။ Kyung Soo သာ Dyoလေး ဆို Kai နဲ့ လက်တွဲရဖို့ နှောင့်ယှက်ခံရမှာ သေချာတယ်။
သူ့ဟာသူ အေးအေးဆေးဆေး ပျော်ရွှင်နေတဲ့ Kyung Soo ဘဝလေးကို အနှောင့်အယှက် မရှိစေချင်....ရင်မောလိုက်တာ.....
Kai :: ya! ဘာတွေလဲ ငါနဲ့ hyung က hyung မိဘတွေဆီ လက်ထပ်ခွင့်တောင်းဖို့ ပြန်လာတာနော်။ ခု ဘာတွေလာရှုပ်နေမှန်းမသိဘူး....ခုလည်း hyung နဲ့ တယောက်တခန်း ခွဲနေရဦးမယ်
Yeol :: သုံးရက်လေးပါပဲကွာ! နားလည်ပေးပါ Kai ရာ နော်....Baek မျက်နှာလည်းရှိသေးတယ်မလား နော်
ကိုယ့်ဟာကိုယ် တယောက်တည်း အတွေးပွားနေတုန်း ကျနော့်ကိုမမြင်ဘဲ ခြံထဲ တီးတိုးလာပြောနေတဲ့ Kai နဲ့ Channie ရဲ့ စကားကို တိတ်တိတ်လေး နားထောင်နေမိသည်။
Kai :: ကျစ်! သိပ်ရှုပ်တယ်ကွာ ထပ်ပြောရင်လည်း ငါပဲ လူဆိုးကောင်ဖြစ်ဦးမယ် hyungကလည်း ဘာလို့လက်ခံလိုက်မှန်းကိုမသိတာ.....