Baek :: အာာားးးးးးးးးးးးးးးး
Baekhyun ရုတ်တရက်ကြီး ' အား ' လို့ ထအော်လိုက်တာမို့ အကုန်လုံး ကြောင်သွားကြသည် ပြီးမှ Baekhyun ကို ကြည့်လိုက်ကြတော့ မျက်နှာကရှုံ့မဲ့နေပြီး သူ့ခြေထောက်သူ ငုံ့ကြည့်နေတာကို တွေ့လိုက်ရသည် ကျန်တဲ့သူတွေလည်း Baekhyun ကြည့်တဲ့ဆီကို လိုက်ကြည့်မိတော့
တွေ့ပါပြီလေ puppy လေး ရဲ့ ခြေထောက် အပေါ်ကို အားရပါးရ ဖိနင်းထားသော Yoda ကြီး ရဲ့ ခြေထောက် ကို.....:p
Kai :: ya.......မင်းဘာလို့ သူများခြေထောက်ကို တက်နင်းထားတာလဲ
အရင်ဆုံးသတိဝင်လာသူ Kai က Yeol ကို လက်တို့ပြီးပြောတော့မှ Yeol လည်း သတိဝင်လာပြီး Baekhyun အပေါ် ဖိမိနေသော သူ့ခြေထောက်ကို ဖယ်လိုက်တော့သည်
Baek :: အားးးး ကျွတ် ကျွတ်
Chen :: Baek....ရရဲ့လား အဆင်ပြေလား Ya!!!!! Park Chanyeol မင်းအိမ်လာတဲ့ဧည့်သည်ကို ဘယ်လိုလုပ်လိုက်တာလဲကွ
Yeol :: ဟို.....miya....ငါမရည်ရွယ်......ချော်လဲ
Yeol ရဲ့ အထိတ်တလန့်  နဲ့ ကပေါက်တိကပေါက်ချာထွက်လာတဲ့ စကားတွေကို Chen နားမလည်....အဲ့ဒါကြောင့် Kyung Soo က ကြားဝင်ပြီး
Kyung Soo :: အားလုံးကိုတောင်းပန်ပါတယ်ဗျာ Yeol က ခလုတ်တိုက်ပြီးချော်လဲသွားလို့ပါ တောင်းပန်ပါတယ် Baekhyun shi.....ကျွန်တော် ဆေးလိမ်းပေးမယ်နော်
Kyung Soo ဝင်ပြောတော့မှ Baekhyun မျက်နှာက သက်သာသွားသလို ရှိတာမို့ Chen လည်း ဘာမှထပ်မပြောတော့ ဒါမယ့် Yeol က ရုတ်တရက်ကြီး ချော်လဲသွားတာ ထူးဆန်းတယ် Lay ကို ကြည့်မိတော့လည်း ပြုံးစိစိ ဖြစ်နေပြီး Baekhyun ကို သက်သာလား တခွန်းတောင် မမေးတော့ Chen စိတ်ထဲ ထူးဆန်းနေရသည် Chen လည်း Yeol အိမ်ကိုရောက်မှ လူကနားမလည်နိုင်ခြင်းတွေနဲ့ ကြောင်တောင်တောင် ဖြစ်နေရှာသည်
***************
Yeol :: Baek.....ဒီ ဝက်သားသုပ်လေးစား သခွားသီးမပါဘူး ငါးကြော်လည်းစားဦး ကျွန်တော် အရိုးနွှင်ပြီးသားလေ အရိုးမစူးဘူး အဲ့ဒါပါစားနော်.....ဟင်းချိုကအရမ်းပူတယ်နော် ဖြည်းဖြည်း မှုတ်သောက်ဦး ကျွန်တော် မှုတ်ပေးရမလား