Chen :: Baekhyun တို့လည်း မရောက်သေးဘူးနော်...Kyung Soo တို့ အခြေအနေလည်း ဘာတွေဖြစ်ကုန်ပီလဲမသိဘူး~
ခဏတာ နေထိုင်ဖို့ ဌားရမ်းထားတဲ့ Jeju က အိမ်လေးရဲ့ ကြမ်းပြင်မှာ ခုန်ဆွခုန်ဆွလုပ်ရင်း ပြတင်းပေါက်ဘက် လှမ်းလှမ်းမျှော်ကြည့်နေတဲ့ Chen တယောက် သူ့သူငယ်ချင်းတွေကို စိတ်ပူနေလေရဲ့~
Lay :: Baekhyunne တို့ ရောက်တော့မှာပါ~ နောက်တစ်နာရီလောက်ဆို ရောက်ပီ~ Kyung Soo တို့လည်း ဘာမှမဖြစ်ဘူး~ ခုထိ Kyung Soo တို့ အိမ်က ထူးခြားတဲ့အရိပ်အယောင် တခုမှမရှိသေးဘူးတဲ့....
စိတ်သက်သာရာရအောင် ဆံပင်လေးတွေသပ်ပေးရင်း ပြောနေတဲ့ Lay ကြောင့် ယုံကြည်စိတ်ချမှုရသွားပီး Lay ရင်ခွင်ထဲ တိုးဝင်မိတယ်။
Lay :: ကိုယ်ပြောတာ ယုံတယ်မလား~ စိတ်မပူနဲ့တော့နော်...အာ...မေ့လို့။ Baekhyunne တို့က Kyung Soo အိမ်ကိုတန်းသွားကြမယ်တဲ့~
Chen :: ဟင်~~သူတို့က အိမ်သိလို့လား! ကျနော်တို့လည်း လိုက်သွားကြမယ်လေ အဲ့ဒါမှ သူတို့ဘာဖြစ်လဲသိရမှာပေါ့~
ချက်ချင်းပဲ ရင်ခွင်ထဲက ရုန်းထွက်ပီး နှုတ်ခမ်းတစူစူနဲ့ Lay ရဲ့ လက်မောင်းတွေကို လှုပ်ယမ်းရင်းပြောနေတဲ့ Chen ရဲ့ ပုံစံက တကယ်အသည်းယားစရာကောင်းတာအမှန်။
Lay :: စပ်စုစိန်လေးရယ်! စပ်စုချင်နေလိုက်တာ... တခုခုအကြောင်းရှိရင် ကိုယ် Kyung Soo အိမ်ကို စောင့်ကြည့်ဖို့ခိုင်းထားတဲ့ လူတွေ လာမပြောခင် Baekhyunne က ပြောမှာပေါ့~ အိမ်မသိမှာမပူနဲ့...သူတို့ Jeju ထဲ ဝင်တာနဲ့ ကိုယ်ခိုင်းထားတဲ့ လူတွေက ခေါ်သွားပီး လမ်းပြပေးလိမ့်မယ်~ သူများအိမ်တွင်းရေးကိစ္စတွေထဲ ကန့်လန့်ကန့်လန့် မဖြစ်ချင်လို့ပါ ကလေးရယ်~
Lay က Chen ရဲ့ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးရင်း ဆုံးမသလိုပြောတော့ Chen လည်း မကျေနပ်ချင်ကျေနပ်ချင်နဲ့ နှုတ်ခမ်းလေးစူပီး ငြိမ်သွားတော့တယ်~~