တင်းတောင် ~ တင်းတောင် ~ တင်းတောင်
အဆက်မပြတ်ဖိနှိပ်နေတဲ့ bellတီးသံကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Chen တယောက် မျက်နှာရှုံ့မဲ့စွာနဲ့ နှိုးလာပါတယ်
Chen :: ဘယ်သူလဲကွာ စောစောစီးစီး သူများအိပ်နေတာကို လာနှောင့်ယှက်တယ် :(
ဆတ်ခနဲ ဆိုပြီး တံခါးဖွင့်လိုက်တော့
Yeol :: Yrrrr........ Chen Chen မင်းအချိန်ကိုလည်းကြည့်ဦး စောစောစီးစီးလုပ်မနေနဲ့ ညနေသုံးနာရီထိုးပြီ
ပြောလည်းပြောရင်း ဧည့်ခန်းထဲမှာ ထိုင်လိုက်ရင်းနဲ့ ခပ်တည်တည်စိုက်ကြည့်လာတဲ့ Yeol ကို ကြည့်ပြီး Chen မျက်လုံးပြူးသွားတယ်
Chen :: O-O ငါဘာအပြစ်များလုပ်ထားမိလို့လဲ
Yeol :: မင်း အပြစ်ကြီးကြီးလုပ်ထားတယ် သွား မြန်မြန်မျက်နှာသစ် ပြီးရင်ပြောမယ်
Yeol ခပ်တည်တည်ပိတ်ဟောက်လိုက်တော့ Chen ခမျာ ကုပ်ချောင်းချောင်းလေးနဲ့ ရေချိုးခန်းထဲဝင်သွားတာကို ကြည့်ပြီး
Yeol :: hk hk ;)
@@@@@@@@@@@@@@@@@@@
Lay တယောက် သူ့အလုပ်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ် အဲ့ဒီအချိန်မှာ Lay အတွက် coffee လာပို့တဲ့ Baekhyun က
Baekhyun :: Lay မင်းအတွက် coffee လာပို့တာ
Lay :: Baekhyun ya, မင်း ဒီနေ့ မနက်ပိုင်းdutyချိန်မလား ဘယ်လိုဖြစ်လို့လဲ
Baekhyun :: ငါ့ကိုမမေးနဲ့ဦး မင်းကဘယ်လိုဖြစ်လို့ ငြိမ်ငြိမ်မနေနိုင်ဖြစ်နေတာလဲ ထိုင်ပြီးပြောစမ်းပါ
Baekhyun က အဲ့လိုပြောလိုက်တော့မှ Lay လည်း sofa ပေါ်မှာထိုင်ပြီး coffee တငုံမော့လိုက်တယ်
Lay :: အားးး ဖလူး ဖလူး ပူလိုက်တာ
Baekhyun :: ပူမှာပေါ့ အပူဖျော်လာတာကိုး ပေး ပေး ဖူး ဖူး ဖူး
Lay လည်း လျှာပူသွားတော့ coffee ခွက်ကို ဆွဲယူပြီး အေးသွားအောင် မှုတ်ပေးနေတဲ့ Baekhyun ကို ကြည့်ပြီး ပြုံးမိတယ်