မှန်ပုံးအကြည်ထဲက များပြားလှတဲ့ ရောင်စုံကိတ်မုန့်တွေကို ကြည့်ပီး Baekhyun သရေတွေယိုနေတယ်။ မြင်မြင်သမျှ စားချင်စဖွယ်ကောင်းအောင် လှပသပ်ရပ်နေတာကိုး....
ကလေးလေးတယောက်လို မုန့်တွေမြင်တာနဲ့ သဘောကျနေတဲ့ Baekhyun ကို ကြည့်ပီး Chanyeol ကြည်ကြည်နူးနူးပြုံးနေမိတယ်။
* Hyunnie ဘေးမှာ သားရှိနေရင် သဘောကျတယ်။ စိတ်ချတယ်။ ပီးတော့ Hyunnie လည်း သားနဲ့အတူရှိနေရင် ပျော်တယ်ထင်တယ်။ အဲ့ဒါကြောင့် Hyunnie ဘေးမှာ အမြဲတမ်း နေပေးပါကွယ်....သားအဆင်ပြေတဲ့အချိန်တခုထိပေါ့ *
Baek ရဲ့ Omma က ဘယ်သူမှမသိအောင် နှစ်ယောက်တည်း ပြောသွားတဲ့ စကားတို့ကို ကြားယောင်ပီး Chanyeol တော်တော်ပီတိဖြစ်နေတာ....ဒီအတိုင်းသာဆို ဘဝဆက်တိုင်း သူက Baekhyun ဘေးမှာ ရှိနေမှာပေါ့...Baekhyun အနားမှာ ရှိနေရတာ သူ့အတွက်လည်း အရမ်းအဆင်ပြေတယ်လေ...ချစ်တဲ့သူဘေးမှာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေရတာလောက် ကျေနပ်စရာကောင်းတာ ရှိဦးမလား?
ရှိတယ်ဆိုရင်တောင် ဒီဖြစ်တည်မှုလေးနဲ့ ကျနော်လဲနိုင်မှာမဟုတ်ဘူး....
ဘာလို့လဲဆိုတော့ ကိုယ်မင်းကို သိပ်ချစ်လို့ပါ...Baek!
Baek :: Channie! ဘာစားမှာလဲ
အစားငမ်းနေရင်းကနေ သူ့ဘေးမှာ အရိပ်လိုရှိတဲ့ ကောင်လေးကို သတိရသွားတယ်ထင်ပါရဲ့။ ခေါင်းလေးလှည့်ပီး မေးလာတယ်...
Yeol :: strawberry cake!
Baek :: ဟုတ်လား....ကောင်းတယ် strawberry က ကျနော့်အကြိုက်ဆုံးပဲ...စားချင်တာတွေများနေလို့ ဘာစားရမှန်းမသိဖြစ်နေတာ...ကျနော်လည်း အဲ့ဒါပဲစားတော့မယ် :)
တကယ်တော့ strawberry က ကျနော့်အကြိုက် မဟုတ်ဘူး။ cake ချိုအီအီတွေလည်း မကြိုက်ဘူး....ဒါမယ့် သူ့အကြိုက်ကိုပဲ ဦးစားပေးတတ်တဲ့ ကျနော့်ပါးစပ်က အလိုလိုထွက်သွားတာ....သူကျေနပ်နေတာလေးတွေ့တော့ ပျော်ရွှင်မှု၊ ကြည်နူးမှုက ရင်မှာအတိုင်းအဆမရှိဘဲ....
![](https://img.wattpad.com/cover/43866823-288-k197299.jpg)