Part - 15

5.4K 429 3
                                    

နံနက်​မိုးလင်းရင်​ အရင်​ဆုံး​တွေ့ရတတ်​တဲ့ သူ့အပြုံးချိုချို​လေး၊ နံနက်​စာ ကို တမျိုးပီးတမျိုး မရိုးရ​အောင်​ ပြင်​ဆင်​​ပေးတတ်​တဲ့သူ၊ သူလုပ်​​ပေးထားတာကို အားရပါးရ စား​နေရင်​ အပြုံးလဲ့လဲ့နဲ့ ​ငေးကြည့်​​နေတတ်​တဲ့သူ။

ကား​မောင်းတိုင်းလည်း ဘယ်​လိုပဲ​ပြော​ပြော ​နောက်​ကြည့်​မှန်​ထဲက​နေ ကျ​နော့်​မျက်​နှာကို မကြာမကြာခိုးကြည့်​တတ်​တဲ့သူ၊ လမ်း​လျှောက်​ရင်​လည်း ​ဘေးက​နေ ပူးကပ်​ပီး ​လျှောက်​တတ်​တဲ့သူ။

ကုမ္ပဏီ ​ရောက်​ရင်​လည်း ကျ​နော့်​အတက်​ချီ​ကေ့စ်​ နဲ့ ထမင်းဘူးကို လက်​တဖက်​စီကဆွဲရင်း ​လှေကားတက်​ပီး ပြုံးရွှင်​​နေတတ်​တဲ့သူ၊ ​လှေကားနဲ့ပြိုင်​တက်​ရင်​ အရင်​ဆုံး​ အ​ပေါ်​ရောက်​သွားတတ်​ပီး ကျ​နော့်​အတွက်​ လက်​တဖက်​ကမ်း​ပေးတတ်​တဲ့သူ၊ ​နေ့လည်​စာ အတွက်​ နံနက်​အ​စောကြီးထပီး မပင်​မပန်းပြင်​ဆင်​​ပေးတဲ့သူ။

ကျ​နော့်​အကြိုက်​​တွေကို အသိလွန်​ပီး ကျ​နော့်​ကို အရမ်းဂရုစိုက်​​ပေးတဲ့သူ၊ မိဘညီအစ်​ကို​မောင်​နှမ ​တွေ ​ဘေးမှာမရှိတဲ့အချိန်​ သူ့​နွေး​ထွေးဂရုစိုက်​မှု​တွေနဲ့ လုံခြုံ​စေတဲ့သူ၊ အရာရာတိုင်းကို ကျ​နော့်​သ​ဘောအတိုင်း ဖြစ်​​စေပီိး မငြိုမငြင်​အလိုလိုက်​တဲ့သူ။

တပတ်​ဆိုတဲ့အချိန်​က ခဏ​လေးဆို​ပေမယ့်​ များပြားလွန်းတဲ့ အမှတ်​တရ​တွေနဲ့ ကျ​နော့်​ကိုအမှတ်​ရ​အောင်​ ဖန်​တီး​ပေးတဲ့သူ့ကို တကယ်​ပဲ အိမ်​မပြန်​​စေချင်​ဘူး။ ဒါ​ပေမယ့်​ အချိန်​တန်​ရင်​ အိမ်​ပြန်​ရမှာ​ပေါ့။ သူ ကျ​နော့်​​ဘေးမှာ အမြဲရှိ​ပေးရင်​ အရမ်း​ကောင်းမှာပဲ.....

Yeol :: Baekhyunnie....ဘာ​တွေအဲ့​လောက်​​တောင်​ ​တွေး​နေတာလဲ ကိုယ်​​ခေါ်​နေတာကြာလှပီ!

Baek :: ဪ....ဘာမှမဟုတ်​ပါဘူး Channie ရဲ့....Tao က Kris ကို စိတ်​ဆိုးပီး တရုတ်​ကိုပြန်​သွားတယ်​ ပီး​တော့ Channie က လည်း အိမ်​ပြန်​မှာဆို​တော့ ကျ​နော်​အရမ်းပျင်း​နေ​တော့မှာပဲလို့ :)

Yeol :: ဟုတ်​လား ကိုယ်​ရှိရင်​ Baekhyunnie မပျင်းဘူး​ပေါ့​လေ ​ပျော်​သွားပီ kekeke....

Our love is so sweetWhere stories live. Discover now