" hyung!!! hyung!!! "
CEO Byun Baekhyun ဆိုတဲ့ နာမည်ဆိုင်းဘုတ်ပြားလေးရဲ့နောက်မှာ ခေါင်းငုံ့ပီး စာရွက်စာတမ်း တွေ ကြည့်နေတဲ့ Baekhyun အော်ခေါ်သံကြောင့် ခေါင်းလေးမော့၊ တပ်ထားတဲ့ မျက်မှန်အဝိုင်းလေးကို ချွတ်ပီး ကြည့်လိုက်တော့
Baek :: Tao! ဘာဖြစ်လို့လဲ
Baekhyun မေးလိုက်တော့ Tao က နှုတ်ခမ်းဆူပီး ဘောက်ဆတ်ဆတ်နဲ့  သူ့နားကိုလျှောက်လာပီး
Tao :: hyung လည်း အဲ့အလုပ်တွေပဲလုပ်နေ! ကျနော့်ကို ဂရုလည်းမစိုက်ဘူး
Baek :: အာ.....Tao ရယ် hyung မလုပ်ရင် ဘယ်သူလုပ်မလဲ Tao လေး ကို Kris က ဂရုမစိုက်ဘူးလား!
Tao :: ဟုတ်တယ် ကျနော်ကကြက်ကြော်စားချင်တယ်ပြောတာကို ' Chicken is not my style ' တဲ့
Baek :: ဟားဟား သူကအဲ့လိုပြောလို့ စိတ်ဆိုးလာတယ်ပေါ့ အေးပါ နောက်မှ hyung ဝယ်ကျွေးပါ့မယ်နော်!
Tao :: jinja? wow!!!! wuri hyung is the best!
Baek :: အေးပါ အေးပါ Tao....hyung နဲ့ တူတူပြန်မှာလား hyung အလုပ်လေးနည်းနည်း လက်စသပ်ရဦးမှာ!
Tao :: No! No! galaxy ကြီး ဆီ သွားပီး မွှေလိုက်ဦးမယ်
Baek :: အင်း အင်း အ့ဆို ကားကိုဂရုစိုက်မောင်းနော်
Tao သူ့ရုံးခန်းထဲက ပြန်ထွက်သွားတာနဲ့ Tao ရဲ့ ကျောပြင်လေးကိုကြည့်ပီး ပြုံးမိတယ် ဒီကလေး အရမ်းကလေးဆန်တာ။ ကလေးအဆန်ဆုံးသူ ရွေးရင် သူ ပထမ ရလောက်တယ်။
အဲ့ဒါကြောင့် Dyo လေး ကို ငယ်ငယ်လေးနဲ့ ပျောက်သွားတာကို ခံစားရတဲ့ Appa နဲ့ Omma က သူ့ကိုအရမ်းချစ်နေတာနေမှာ။
သူကလည်း တကယ်ချွဲစိန်လေးပါ။ ကျနော်နဲ့တွေ့တုန်းက တကယ်ရင်းရင်းနှီးနှီး " hyung " လို့ ခေါ်ပီး ပြေးဖက်ခဲ့တာ။
ကျနော် ရုတ်တရက်မို့ ကြောင်သွားပီး ပြန်မဖက်တော့ သူ့ကိုမချစ်ပါဘူးဆိုပီး ငိုသေးတာ။