Chen :: ya!!! Park Chanyeol....မင်း Baekhyun ကို နှိပ်စက်နေတယ်ဆို! Elevator ရှိသားနဲ့ ရိုးရိုးလှေကားနဲ့ သွားခိုင်းတယ်ဆို! ကုမ္ပဏီကိုလည်း မစားချင်တဲ့ ထမင်းချိုင့်ကြီး သယ်သယ်လာပီး အတင်းကျွေးတယ်ဆို! ညကျရင်လည်း နို့အတင်းတိုက်တယ်ဆို !!!!! အေ့......အင့်......အမ်း...
Yeol :: Aish....Kim JongDae တကယ့်ကောင်ပဲ ဘာနို့တိုက်ရမှာလဲ အားရှိအောင် နွားနို့တိုက်တာပါကွာ! မင်းပြောမှပဲ သူများကြားရင် တမျိုးထင်နေမယ် hk hk....
Jeju မှာ မူးနေတဲ့ Chen တယောက် Chanyeol ဆီသို့ video call ခေါ်ပီး Baekhyun.....Lay ကို ဖုန်းဆက်ပြောထားတဲ့ အကြောင်းများကို ရစ်နေခြင်းဖြစ်သည်။
Baekhyun ပြောတုန်းက မကောင်းမြင်တဲ့ သဘောမျိုးမဟုတ်။ သူ့ကို Chanyeol က ကလေးတယောက်လို ချုပ်ခြယ်ဂရုစိုက်တယ် လို့ ပြောခဲ့တာ။
ခု ကိုယ်တော်Chen က ဝိုင်အသောက်များပီး သူ့ဟာသူ Chanyeol ကို တမင်သက်သက်ရစ်နေခြင်းဖြစ်သည်။
Video call ခေါ်ထားတာမို့ ဟိုဘက်ဒီဘက်ရုပ်တွေ မြင်နေရပီး စားစရာတွေ၊ ဝိုင်ပုလင်းတွေကြား ရောက်ရှိနေတဲ့ Chen နဲ့ သူ့နောက်မှာ Chen ဖွထားတဲ့ အမှိုက်တွေ၊ ပစ္စည်းတွေကို လိုက်ကောက်သိမ်းနေတဲ့ Lay ကို ကြည့်ရတာ လိုက်ဖက်လွန်းလို့ Chanyeol ရယ်နေရသည်။
Chen :: ဟျောင့်! ဘာရယ်နေတာလဲ အ့ဆို လှေကားနဲ့ ဘာလို့တက်ခိုင်းတာလဲ အ့လည်းရှင်း! ခုရှင်း!!!!!
ပြောရင်းပြောရင်း အရှိန်တွေရပီး သူ့ vocal ကြီး ပါ ထွက်လာတော့ Chanyeol ရော၊ Lay ရော နားပိတ်ထားမိသည်။
Lay :: Dae....Dae မူးနေပီ မသောက်နဲ့တော့နော် လာ လာ.....Chanyeol ssi ကို အားနာစရာ။
နောက်ဆုံး Lay က Chanyeol ကို အားနာပီး ဆွဲခေါ်တာလည်းမရ။
Yeol :: ရတယ်! Lay ssi....သူကအဲ့လိုပဲ ထားလိုက်ပါ
Chen :: ဟုဒယ်! hyung မပြောနဲ့ သူနဲ့ကျနော်နဲ့ စကားတွေများကြီးပြောအူးမာ!!!!!