Baek :: Aish.....နှာဘူး
Yeol :: O.O borrr....borrr.....မင်း ငါ့ကိုဘယ်လိုပြောလိုက်တယ်
Baek :: ဘာမှမဟုတ်ဘူး ခင်ဗျားကိုကြည့်မရလို့ :/
Yeol တယောက် စောစောစီးစီး သူ့ကို နှာဘူး လို့ ပြောပြီး ကြည့်မရဘူး လို့ ထပ်ပြောတဲ့ Baekhyun ကို နည်းနည်းတော့ အသည်းယားလာပါသည် ထို့ကြောင့်
Yeol :: မင်းနဲ့ငါနဲ့ တွေ့ဖူးလို့လား တခါမှမမြင်ဖူးတဲ့ လူတယောက်ကို ကြည့်မရဘူး ဆိုတော့ မင်း ကို ငါ နမ်းနေလို့လား
Yeol က ပြုံးစိစိ နဲ့ ထိုသို့မေးလိုက်တော့ Baekhyun ခမျာ အသားတွေရဲတက်လာပြီး
Baek :: borrr.....borrr....ခင်ဗျား ဘာတွေပြောနေတာလဲ အဲ့ဒါကြောင့် နှာဘူး လို့ ခေါ်တာ -_- တော်တော်နမ်းချင်ရင် Yoda တကောင်ကိုပဲ သွားနမ်းလိုက်
Yeol :: ဟုတ်လား ငါကမင်းကိုမနမ်းချင်ပါဘူး မင်းကိုနမ်းမယ့်အစား puppy လေး တကောင်ကိုပဲ နမ်းချင်တာ
Yeol ထပ်ပြောလိုက်တဲ့ စကားကြောင့် Baekhyun တယောက် ရုပ်ကရှုံ့မဲ့သွားသည့်အပြင် အသားတွေတောင် ပိုပြီးနီလာတယ်လို့ ထင်ရသည် သူ့ကို Lay က puppy Baek လို့ နာမည်ပြောင် ခေါ်လေ့ရှိသည်ကို ဒီလူကြီး က puppy ကို နမ်းချင်တယ်ဆိုတော့ ပြောစကားတိုင်းက သူနဲ့မလွတ်မကင်းဖြစ်နေသည်မဟုတ်ပါလား
Yeol :: ဟေ့ ဟေ့ လူပုစိတ်တို puppy လေး မင်းအရမ်းချမ်းနေတယ်ထင်တယ် အသားတွေ တော်တော်နီနေတယ် လုံလုံခြုံခြုံ ဝတ်လာခဲ့မှပေါ့ကွာ
Baek :: ဘာ လူပုစိတ်တို puppy လဲ ခင်ဗျား တော်တော်စကားများတဲ့လူ ခင်ဗျားနဲ့ထပ်မတွေ့ရပါစေ နဲ့ ပဲ ဆုတောင်းတယ် ဟွန်း
သူ ဒေါသထွက်တာလေးက အရမ်းချစ်ဖို့ကောင်းလို့ အားရပါးရ စ လိုက်မိတဲ့ Yeol ကိုယ့်ပါးစပ်ကိုယ် ပိတ်ရိုက်ချင်မိသည် puppy လေး က ထပ်မတွေ့ချင်တော့ဘူး တဲ့ သူ ပြန်တောင်းပြန်ဖို့ ကြိုးစားပေမယ့် puppy လေး က ထွက်သွားတာ ဘယ်ရောက်သွားမှန်းပင်မသိ အင်း Chen အိမ်မှာရှိလောက်မယ် ဒါပေမယ့်လည်း လိုက်မသွားတော့ပါဘူးလေ သူ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေဦးမယ် ဒီနေ့အဖို့တော့ သူ့မျက်နှာလေး မြင်ရပြီးပြီပဲ နောက်နေ့မှထပ်တွေ့ရမယ်