Part - 14

5.6K 439 1
                                    

" ​ဒေါက်​~~​ဒေါက်​ "

Yeol :: Baekhyunne....ကိုယ်​ဝင်​လာမယ်​​နော်​!

ပြောပီး အခန်းတံခါးကို ဆွဲဖွင့်​ဝင်​သွားလိုက်​​တော့ ကုတင်​​ပေါ်မှာ ​​ရေစို​နေတဲ့ ဆံပင်​​လေး​တွေကို dryer မှုတ်​​နေတဲ့ ပါပီ​လေးကို ​တွေ့လိုက်​ရသည်​။

Baek :: Channie....လာ​လေ!

Baekhyun က သူ့ကို​တွေ့​တော့ ​ဖော်​​ရွေစွာ လှမ်း​ခေါ်သည်​။ ဒီ​ကောင်​​လေး အရင်​ကနဲ့မတူ။ သူ့ကို စိမ်းစိမ်းကားကားဆက်​ဆံတာမျိုးမရှိ​တော့။

အရင်​တုန်းက ပုံစံအတိုင်းသာဆိုရင်​ ခင်​​ဗျား...ကျ​နော့်​အခန်းကိုဘာလာလုပ်​တာလဲ ဆိုပီး ​အော်​ထုတ်​ပစ်​မှာ ​သေချာသည်​။

ခုလို ရင်းရင်းနှီးနှီး ဆက်​ဆံတဲ့ပုံအရ သူ့ကိုခင်​မင်​တွယ်​တာလာတာ သိသာသည်​။

Yeol :: chocolate ပူပူ​လေး လာတိုက်​တာ။ ​တော်​ကြာ ညတိုင်း နို့အတင်းတိုက်​တယ်​ဖြစ်​မှာစိုးလို့....;)

Baek :: အယ်​....Channieကလည်း ​ပေါက်​ကရ​ပြော​ရော့မယ်​!

သူ​ပြော​တော့ ​​ကောင်​​လေးက နားရွက်​ဖျား​လေး​တွေပါ နီလာရင်း ရှက်​ရွံစွာ ​​ပြောသည်​။

Yeol :: အဟီး...စတာပါ! ညဘက်​ကြီး ​ခေါင်း​လျှော်​တာလား....အ​အေးမိကုန်​ဦးမယ်

Baek :: အင်း....ဟုတ်​တယ်​ ဟပ်​....ဟပ်​.....ဟပ်​ချိုး!

ပြောရင်းနဲ့ Baekhyun က နှာ​ချေလာ​တော့ Chanyeol ထိုင်​ရာမှထပီး Baekhyun အနား ​ရောက်​သွားမိသည်​။

Yeol :: dryer နဲ့ ​ဖြေး​ဖြေးချင်း ဇိမ်​ဆွဲပီး အ​ခြောက်​ခံ​နေတယ်​ မြန်​မြန်​မလုပ်​ဘူး။

Baek :: အာ...ရတယ်​ Channie....ကိုယ့်​ဟာကိုယ်​ လုပ်​မယ်​!

စိတ်​မရှည်​တဲ့ Chanyeol က dryer ကို ဆွဲလုပီး ​မွှေးပွသဘက်​တထည်​နဲ့ Baekhyun ရဲ့ ​​ခေါင်း​လေးကို မြန်​မြန်​သုတ်​​ပေးလိုက်​သည်​။

Yeol :: ​ရေ​အေး​တွေနဲ့ချိုးတာမလား! ဖျား​တော့မှာပဲ ဖျားလို့​တော့ မဖြစ်​ဘူး​နော်​ နံနက်​ကျရင်​ ဘူဆန်​စက်​ရုံကို စစ်​ဖို့သွားရဦးမှာ! ​နွေး​နွေး​ထွေး​ထွေး​နေ။ စိတ်​ချရ​အောင်​ ​ဆေးတလုံး​လောက်​ ​သောက်​ထားမှ စိတ်​ချရမယ်​။

Our love is so sweetWhere stories live. Discover now