Yeol တို့ သုံးယောက် အိမ်ရဲ့ ဧည့်ခန်းထဲမှာ တိတ်ဆိတ်စွာ ထိုင်နေပါတယ် Kai က တော့ ဒေါသတွေထွက်ပြီး မျက်နှာတွေတောင် နီရဲနေပါတယ် ပြသနာ က တော့ Baek တယောက် Kyung Soo ကို ချစ်စရာလေး လို့ ပြောခဲ့လို့ပါ
Kyung Soo :: Kai ရယ် Hyung ဘာမှမဖြစ်ဘူး ဆို သူကသဘောရိုးနဲ့ပြောတာနေမှာပါ
ဒေါသထွက်နေတဲ့ Kai ရဲ့ ကျောပြင်လေးကို ပွတ်ပေးပြီး Kai စိတ်ပြေအောင် Kyung Soo ချော့နေပါတယ် Yeol လည်း Baek အကြောင်း တိုင်ပင်မို့ကို Kai က ဒေါသထွက်နေတော့ မျက်နှာငယ်လေးနဲ့ ဖြစ်နေတာပေါ့
Kai :: Hyung ရယ် Hyung ကို baby ဘယ်လောက်ချစ်တယ်ဆိုတာ Hyung သိတယ်မလား baby ကို Hyung ထားခဲ့မှာ ကြောက်လို့ပါ Hyung က ချစ်ဖို့ကောင်းတော့ တခြားလူတွေသဘောကျပြီး တခြားလူနောက်ပါသွားမှာ.....
Kai ဘာမှဆက်မပြောနိုင်တော့ ဝမ်းနည်းလွန်း၍ Kyung Soo ပခုံးကို မှီပြီး ရှိုက်ကြီးတငင် ငိုနေလေတယ်
Kyung Soo :: တိတ်ပါ baby ရယ် Hyung ဘယ်တော့မှ baby ကို မထားခဲ့ဘူး ကတိပေးတယ်နော်
Yeol လည်း KaiSoo နှစ်ယောက်ကိုကြည့်ပြီး ဘာမှမပြောနိုင်တော့ သူတောင်ဝမ်းနည်းလာသလို ဖြစ်မိတယ် သူတို့တော်တော်ချစ်ပါလား ဆိုတာ ခုမှ သိသွားသလိုလိုပင်........
@@@@@@@@@@@@@@@@@@@@@
Lay :: Dae...... Dae ရေ ထတော့ Baek ပါလာတယ်
Chen :: ဟင်..... Hyung ဘယ်တုန်းကပြန်ရောက်တာလဲ အမောပြေ kiss ~~~~~~ mwak....
Lay :: အေးပါကွာ နောက်မှပေးတော့ ကိုယ်တို့ကို ညစာပြင်ပေးဦး
Chen :: omo..... Hyung တို့က ဘာမှမစားရသေးဘူးလား အိမ်မှာ ဘာမှမချက်ဘူး Dae က ဝယ်စားလိုက်တာ
Lay :: gadal..... အာ့ဆို Hyung ခေါက်ဆွဲပြုတ် စားလိုက်မယ် Baek ကို တော့ တခုခုမှာပေးလိုက်မယ်
Chen :: Hyung လည်း Baek ကို မှာပေးတာပဲစားလိုက်လေ သူ့တယောက်တည်းအတွက်မှာတာဆို သူကစားမှာဟုတ်ဘူးထင်တယ်