Part - 19

4.7K 376 3
                                    

Mrs.Byun :: Hyunne ရယ်​! ဘာ​တွေအဲ့​လောက်​ အ​ရေးကြီးလို့ Jeju အထိ သွားမှာလဲ...

Baek :: အ​ရေးကြီးတယ်​ Omma...သား ​နောက်​မှ ​သေချာရှင်းပြပါ့မယ်​...ခု​တော့ သွားခွင့်​ပြုပါဦး

ဘာ​တွေ အ​ရေးကြီး​နေမှန်း မသိ​ပေမယ့်​ ဘာမှ​မေးလို့မရတဲ့ အ​ခြေအ​နေမို့ Mrs.Byun ခပ်​ဆိတ်​ဆိတ်​သာ ​နေလိုက်​ပါသည်​။

ညသန်း​ခေါင်​ နှစ်​နာရီ၊ သုံးနာရီ​လောက်​ကြီး တ​ရေးနိုး ​ရေထ​သောက်​တုန်း အ​ပေါ်ထပ်​ က ​အသံ​တွေကြားလို့ တက်​ကြည့်​လိုက်​​တော့ ​ဘေးနားမှာရှိတဲ့ ​တွေ့တဲ့ပစ္စည်း​တွေ အိတ်​ထဲ​ကောက်​ထည့်​​နေတဲ့ သား​တော်​​မောင်​ Hyunne....

Baek :: ဟိုမှာ ဘယ်​​လောက်​ကြာမလဲ​တော့ မ​ပြောတတ်​​သေးဘူး အများဆုံး တပတ်​​လောက်​ပဲကြာမှာပါ...ကုမ္ပဏီ ကို Channie နဲ့ လွှဲထားခဲ့လိုက်​မယ်​...Appa ကို Omma ကြည့်​​ပြောထား​ပေးပါ​နော်​..Channie ကို နံနက်​ကျမှပဲ သား ဖုန်းဆက်​​ပြောလိုက်​...

အိတ်ကို ကိုယ်​တ​စောင်းလွယ်​လိုက်​ပီး လိုအပ်​တာ​တွေ စုံ၊ မစုံ ကြည့်​၊ ပါးစပ်​က စက်​​သေနတ်​ပစ်​သလို တတွတ်​တွတ်​ နဲ့ သူ့အ​မေကို မှာစရာရှိတာ​တွေ မှာပီး အခန်းတံခါး ဆွဲဖွင့်​လိုက်​တဲ့အချိန်​မှာ​တော့ ​ပြော​လက်​စ စကားသံ​တောင်​ ရပ်​သွားတဲ့အထိ အံ့သြသွားရတယ်​။

Yeol :: အဆင်​သင့်​ဖြစ်​ပီလား! သွားရ​အောင်​​လေ...

ကျ​နော့်​လိုပဲ အဝတ်​အစားအနည်းငယ်​နဲ့ တခြားတိုလီမိုလီ​တွေ ထည့်​ထားတယ်​လို့ ထင်​ရတဲ့ လက်​ဆွဲအိတ်​တလုံးနဲ့ ကား​သော့ကို မျက်​စိ​ရှေ့ ​ဝေ့ယမ်းပြ​တော့

Mrs.Byun :: ​နေပါဦး...သားတို့်က အစတည်းက နှစ်​​ယောက်​တည်း သွားဖို့စီစဉ်​ပီးသားလား!

Omma ရဲ့ သံသယရိပ်​စွန်းထင်း​နေတဲ့ စကားသံအချို့ထွက်​​ပေါ်လာ​တော့ ထိတ်​လန့်သွားရသူက ကျ​နော်​ပါ။ သူက ​အေး​အေး​ဆေး​ဆေးပဲ ​ဖြေရှင်းချက်​ ထုတ်​​ပေး​နေ​သေးတယ်​...

တကယ်​​တော့ ကျ​နော်​ ဒီလိုမျိုး ရုတ်​တရက်​ကြီး ခရီးသွားရမယ်​ဆိုတာ ကျ​နော်​​တောင်​ မသိခဲ့ဘူး။

Our love is so sweetWhere stories live. Discover now