အပိုင်း ၂

347 30 2
                                    

'ရာ့...လန့်သွားတာပဲ ကျစ်!.'

အပတ်စဥ်အမှိုက်ကားရက်ကျတာမို့ လမ်းထိပ်ထွက်အမှိုက်ပစ်ဖို့ကြံကာမှ ​အိမ်ကအုတ်တံတိုင်းကိုကျောမှီရင်းငိုက်​နေတဲ့ fourthကြောင့်လန့်သွားရတဲ့ကျွန်တော်.နေပါအုံး ခု​​နေမှ မနက်၆နာရီစွန်းစွန်းမဟုတ်လား.

'အွန်းးးးးး...ကျောနာလိုက်တာ..အမှိုက်ပစ်ဖို့လား.ပေး'

အပျင်းကြောဆန့်လေတဲ့fourthက geminiရဲ့အသံကိုကြားပြီးကာမှဆိုပေမယ့် geminiကိုမြင်မြင်ချင်း.လက်ထဲကအမှိုက်ထုပ်တွေကိုတောင်းနေပြန်ပါပြီ

'နေအုံး...ဘယ်ချိန်ကတည်းကလဲ.'

'၅ခွဲ'

'၅ခွဲ!...ဘာဖြစ်ပြန်ပြီလဲ..'

'အန်တီလေ...မနေ့ညကတည်းကဆူနေတာမပြီးလောက်သေးဘူးထင်လို့.အစောကြီးထထွက်လာတာ.'

တကယ်လည်းအစမ်းစာမေးပွဲအမှတ်စာရင်းကြောင့်မုန့်ဖိုးဖြတ်ခံထားရတာကိုတောင် စောစောစီးစီးမို့ထုတ်မပြောသေးတဲ့ကျွန်တော်.ဆူခံထိထားကတော့ပြောသာမနေနဲ့တော့ အပုံမှအပုံကြီး..

'..'

ဘာမှပြန်မပြောလာတော့ပါဘဲ.အမှိုက်ပစ်ဖို့ကိုသာဦးတည်လိုက်တဲ့geminiမှာ.အကြောင်းရင်းကဖြစ်သင့်သည်မို့လွှတ်ထားလိုက်တာမျိုးပါ..

'ငါ့ပေးဆို...ဇွတ်ပဲမင်းက'

geminiဆီကအမှိုက်အိတ်ကိုအတင်းလုတာကသူ..ဇွတ်လုပ်တယ်ချည်းစွပ်စွဲခံရလေတာကgeminiမှာ..

'ကျောင်းအကျီတွေပေ...ဟိုဘက်လှည့်အုံး..အာ..'

မိုးဦးစမို့အုတ်နံရံတွေက စိုထိုင်းထိုင်းနဲ့မို့ အနည်းငယ်ဗွက်ထချင်နေတာကို.ဘူမသိကိုးမသိပါဘဲမှီအိပ်ထားတဲ့fourthကြောင့်.ဗီဒိုထဲကကျွန်တော့်ကျောင်းဝတ်စုံကတော့မျက်ခုံးလှုပ်နေလောက်ပါပြီ..

' ​ပေကုန်ပြီမလား..ကောင်းတာပဲ..မင်းဟာပေးဝတ်'

ခေါင်းခါရုံကလွဲတခြားမတုန့်ပြန်တော့တဲ့geminiမှာ.ဒီလိုမျိုးကပထမဆုံးအကြိမ်လည်းမဟုတ်သလိုနောက်ဆုံးအကြိမ်ဆိုတာလည်းရှိလာမယ်မထင်ပါ

~~~~

မနက်ပိုင်းအတန်းချိန်ရဲ့နောက်ဆုံးအချိန်မှာ.ဝင်လာတဲ့မုန်တိုင်းတစ်ခုက.fourthကိုသာဦးတည်လို့လာခဲ့တာပါ.

Give me your forever Where stories live. Discover now