နေရောင်တွေဖြာကျနေတဲ့ကျွန်တော့်စာရေးစားပွဲက.ခါတိုင်းနဲ့မတူတဲ့ခံစားချက်တခုကိုပေးနေတာဖြစ်ပြီး.ဒီမြင်ကွင်းကပဲကျွန်တော်အစတည်မယ့်တခုတည်းသောဝါသနာတခုကိုတွန်းအားဖြစ်စေပါပြီ.
ကုတင်အောက်ထဲတွန်းထည့်ထားတဲ့ တနည်း.ခိုးထည့်ထားတဲ့စက္ကူဖာကြီးတခုကိုဆွဲထုတ်တော့မယ့်fourthမှာ.ဆွဲထုတ်ခါနီး.အခန်းဝကနေတဆင့်အိမ်အောက်ထပ်ကအသံတချို့ကိုနားစွင့်လိုက်ပါသေးတယ်.
'သွားပြီထင်တယ်..ရက်စ်'
အန်တီvickyတယောက်ဆိုင်သွားပြီမှန်းသေချာပြီမို့.ကုတင်အောက်ထဲကစက္ကူဖာကိုအပြင်ရောက်အောင်ဆွဲထုတ်လိုက်ပြီဖြစ်တဲ့fourthမှာအတောသတ်မရတဲ့ပျော်ရွှင်မှုနဲ့အတူပါ.
အဆင့်ဆင့်ထုပ်ပိုးထားတဲ့စက္ကူဖာကများစွာသောတိတ်သားတွေကိုဖြတ်တောက်ဖို့ရန်လိုအပ်လေတာဖြစ်ပြီး.စိတ်လှုပ်ရှားစွာနဲ့ပဲ.ဓားငယ်ကိုသုံးရတော့မယ့်ကျွန်တော်.နောက်ပြီး.၂လနီးပါးလောက်မုန့်ငတ်ခံခဲ့ရသည်အားကျွန်တော်ကျေနပ်ရင်းပါပဲ.
ညက်ညောတဲ့သစ်သားအနားတစ်ခုကိုကိုအသာအယာပွတ်ဆွဲပြီးနှုတ်ခမ်းပြည့်ပြုံးလေတဲ့fourthမှာ.ဂစ်တာတလုံးကိုဝယ်ယူထားတာဖြစ်ပြီး.ကိုယ်ပိုင်သီချင်းတွေဖန်တီးရန်က.သူ့ရဲ့ကိုယ်ပိုင်အိပ်မက်ပါပဲ..
အမြဲလိုလိုဂစ်တာတလုံးလောက်ခပ်ကောင်းကောင်းပိုင်ဆိုင်ထားချင်တဲ့fourthရဲ့စိတ်က.အထက်တန်းနောက်ဆုံးနှစ်တွင်တော့တားမရအောင်ဖောက်ထွက်လို့လာခဲ့ပါပြီ.ဒါပေမယ့်.ပညာရေးကိုသာအာရုံစိုက်စေချင်တဲ့အန်တီနဲ့geminiကြောင့်.တခြားသောစိတ်ဝင်စားမှုတွေကိုချိုးနှိမ်ထားရတာမို့.ဂစ်တာဝယ်ခဲ့ခြင်းအားချို့ဝှက်ထားရတာပါ.
'ဘယ်လောက်တောင်လိုချင်ခဲ့ရလဲကွာ.'
ဂစ်တာအိုးကိုခပ်ဖွဖွနမ်းရင်းဒီစကားကိုပြောလေတဲ့fourthမှာ.ဒီပစ္စည်းကိုသူအတော်လိုချင်နေမှန်းသိပ်သိသာစွာပါပဲ..ဂစ်တာကိုစာရေးစားပွဲနား မ သွားတဲ့fourthမှာ.သူကိုယ်တိုင်နဲ့ဂစ်တာကို.နေရာတကျဖြစ်အောင်ပုံစံပြင်လိုက်ပါပြီ..ပြီးနောက် ဂစ်တာကြိုးကိုအသာယာဖိပြီးတချက်သာသာတီးခတ်လိုက်တဲ့အခါ...အရှိန်ပိုမြန်လာတဲ့ရင်ခုန်သံတခုကစိတ်လှုပ်ရှားမှုကိုအခြေတည်ရင်းပါပဲ.သူအတော်ကိုသဘောကျလွန်းနေတာလေ.
YOU ARE READING
Give me your forever
Fanfictionဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.