မနက်စာကိုအလွတ်ခံပြီးfourthနဲ့အတူ တခါထပ်အိပ်လိုက်တဲ့geminiကပြန်အိပ်ပျော်ဖို့ခက်ခဲခဲ့ပေမယ့်အိပ်ပျော်သွားခဲ့တာပါပဲ.fourthတွင်တော့ခပ်စောစောထလာရတာထပ်ညကတိုင်သိပ်အိပ်မပျော်ခဲ့တာကြောင့်လွယ်လင့်တကူပဲအိပ်ပျော်သွားခဲ့ပုံပါ.လက်ရှိအနေမှာတော့.geminiတယောက် ကိုယ်လက်သန့်စင်ပြီးပြီဆိုပေမယ့်.fourthဘေးကကုတင်နေရာ လွတ်မှာဝင်ထိုင်နေခဲ့တာပါ.
တစောင်းအနေအထားနဲ့အိပ်ပျော်နေတဲ့fourthမှာရှည်လျားနေပြီဖြစ်တဲ့ရှေ့ဆံပင်တွေကကုတင်ပေါ်မှာပုံနေတာဖြစ်ပြီးဒီလိုရှေ့ဆံပင်ရှည်ရှည်နဲ့နေဖို့ဘယ်ကအကြံရခဲ့သည်ကျွန်တော်မသိ.ဒါကသူ့မျက်နှာနုနုကိုအပြည့်အဝမြင်ရဖို့တားဆီးထားသလိုဖြစ်နေသလားပါပဲ.
အိပ်ပျော်နေတဲ့fourthကိုဒီအတိုင်းသာထိုင်ကြည့်နေတဲ့gemini မှာ.ဒီအတိုင်းကိုကြည့်ချင်လို့သာကြည့်နေခဲ့တာဖြစ်ပြီးဘယ်သောအရာကိမြှထပ်တိုးလုပ်ဆောင်လိုချင်လည်းမရှိကာပါပဲ..ဒီအတိုင်း.Fourthကဒီအတိုင်းလေးကစ.သဘောကျစရာတွေချည်းသာ.အပြည့်ရှိနေသလိုမျိုးလေ.
'အွန်း...'
ဘေးတစောင်းအနေကနေပက်လက်အနေကိုပြောင်းဖို့ရန်တောင်ညီးတွားသံပိစိကမပါမဖြစ်အနေနဲ့မို့.နှုတ်ခမ်းဘေးထောင့်တွေကော့တက်သွားသည်အထိgeminiတယောက်ပြုံးမိပါသေးတယ်..ကျွန်တော်ဘာလို့နှစ်အတော်ကြာဒီလိုမြင်ကွင်းမျိုးကိုမျက်ကွယ်ပြုခဲ့မိတာမျိုးလဲ.ဒါသိပ်ကိုအာရုံကြောပျက်နေခဲ့တာမျိုးပဲမလား.
'မင်းအတွက်တခုခုလုပ်မှရတော့မယ်..'
fourthနဖူးပေါ်ကဆံပင်တွေကိုအပေါ်ဘက်ကိုသပ်တင်လိုက်အပြီးကုတင်ပေါ်ကနေဆင်းသွားတဲ့geminiမှာ.အလှပန်းအိုးထိုးထားတဲ့ဆီကိုဦးထည်လျှောက်သွားပါပြီ..ပြီးနောက်..
'မင်းကြိုက်မယ်လို့တော့မျှော်လင့်တာပဲ....လိုက်တယ်..'
အလှပန်းအိုးမှာတွဲပါလာတဲ့ဖဲပြားကျစ်ကြိုးကို.ကွင်းတခုအနေနဲ့အသုံးချလိုက်လေတဲ့geminiမှာ.fourthရဲ့ရှေ့ဆံပင်အုပ်အုပ်တွေကိုတစုတည်းဖြစ်အောင်ချည်တုတ်ထားလိုက်ပါပြီ..ဒါတောင်မနိုးသေးတဲ့fourthကြောင့်.သူ့စိတ်ကြိုက်ကိုပြုမူခွင့်ရခဲ့တဲ့geminiပါပဲ
YOU ARE READING
Give me your forever
Fanfictionဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.