ကျွန်တော်တို့နေတဲ့နေရာကနေ ၄နာရီကျော်ကားစီးရတဲ့ချင်းမိုင်ခရီးကို.မိဘအုပ်ထိန်းသူရဲ့ကြည်ဖြူတဲ့ခွင့်ပြုချက်နဲ့အတူ.ခရီးတိုထွက်သွားတဲ့fourthအား.အားကျရုံကလွဲကျွန်တော့်မှာတခြားမရှိပါ...
လပတ်အစမ်းစာမေးပွဲပြီးတာနဲ့နောက်တနေ့ကို.ချင်းမိုင်သွားဖို့ပြင်ဆင်ထားပြီးပြီဖြစ်တဲ့fourthက.ကျွန်တော့်ကိုအဖော်ညှိသေးပေမယ့်.ခွင့်မပြုတဲ့အမေကြောင့်သွားမရခဲ့ပါဘူး.ဒါ့ကြောင့် အတန်းခေါင်းဆောင်နဲ့အတူသာ.သွားဖြစ်ကြောင်းကျွန်တော့်ကိုအသိထပ်ပေးလာပါတယ်.
'မင်းသာလိုက်ရင်အရမ်းကောင်းမှာပဲ..နောက်နာရီဝက်ဆိုရောက်တော့မယ်'
(အင်း..များများပျော်ခဲ့..ငါဖုန်းချအုံးမယ်)
ဖုန်းစကားပြောနေတဲ့fourthနဲ့geminiက အဝေးရောက်သွားတာမှ တစ်ရက်ပင်မကြာ.တယောက်ကိုတယောက်သတိတရနဲ့ဖုန်းဆက်သတင်းပေးနေကြတာကဒီတကြိမ်နဲ့ဆို၃ကြိမ်မြောက်ပါပြီ.
geminiဘက်ကဖုန်းချသွားပြီးပေမယ့်.ဖုန်းကိုကြည့်ရင်းပြုံးနေသေးတဲ့fourthကြောင့်.တည့်တိုးပင်ပြောချလိုက်တဲ့satangရဲ့စကားက
'မသိရင်အလုပ်ခရီးထွက်လာတဲ့ ခင်ပွန်းသည်ကြီးလိုပဲ..အိမ်မှာကျန်ခဲ့တဲ့ဇနီးကို ၅မိနစ်ခြားတခါသတင်းပို့နေရတာချည်းက.'
'ပေါက်ကရတွေ...ငါတကယ်သူ့ကိုလိုက်စေချင်တာ..'
'လိုက်စေချင်တာတော့လိုက်စေချင်တယ်ပဲထား..ငါလည်းordကိုလိုက်စေချင်တာပဲ.ဒါမယ့်မင်းတို့လိုတော့ခနခနဖုန်းဆက်ပြောမနေဘူး..ဟိုရောက်လို့ig storyတင်လိုက်ရင်ရောက်ပြီမှန်းသိပြီကို.'
'မင်းတို့နဲ့ငါတို့ကတူမလား'
'မတူရအောင် မင်းတို့နှစ်ယောက်က.သူငယ်ချင်းမဟုတ်လို့လား.ဟင်?'
'ဘာ..ဘာကိုသူငယ်ချင်းမဟုတ်ရမှာလဲ...'
'တကယ်တကယ်..ငါ့နေရာမှာတခြားလူသာဆိုမင်းတို့နှစ်ယောက်ကိုတိမ်ထူနေတယ်လို့မြင်ကြမှာ..'
'တိမ်ထူ.?.'
'လိင်တူကိုပြောတာ...အလကားနေပူးကပ်ပြီး.တကမ္ဘာထဲမင်းတို့နှစ်ယောက်ပဲအသက်ရှိသလိုလုပ်နေတာ..ငါသာမကဘူးတစ်တန်းလုံးသိတယ်'
YOU ARE READING
Give me your forever
Hayran Kurguဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.