အပိုင်း ၁၆

241 19 2
                                    

နှစ်လယ်စာမေးပွဲဖြေဖို့၁ပတ်သာသာပဲကျန်တော့တာမို့.အချိန်အများကြီးမကျန်တော့ဘူးလို့ခံစားလာရတာကကျွန်တော့်မှာပါ
ဒီစာမေးပွဲရဲ့ရလဒ်က.နောက်ဆုံးစာမေးပွဲကြီးထပ်ပိုစိတ်လှုပ်ရှားဖို့ကောင်းတာက အဆင့်လိုက်သတ်မှတ်ချက်တွေကကျွန်တော်နဲ့geminiကိုခွဲခြားတော့မှာကိုကြိုခံစားနေရပြီမို့ပါ.

'တီချယ်အစကပြောခဲ့သလိုပဲ နှစ်လည်စာမေးပွဲရဲ့ရလဒ်ကိုအခြေခံပြီး.ထိုင်ခုံနေရာအလှည့်အပြောင်းတွေရှိမယ်...အလွန်ဆုံးအခန်းပြောင်းတဲ့ထိဖြစ်နိုင်တာမို့ကိုယ့်သူငယ်ချင်းနားကမခွဲနိုင်ရင်စာကိုအရင်ကထပ်ပိုကြိုးစားကြမယ်..ဟုတ်ပြီလား'

အတန်းပိုင်ဆရာမရဲ့အသိပေးစကားအပြီး.ဘေးကgeminiကိုလှည့်ကြည့်မိတဲ့fourthမှာ.ပြောစရာစကားမရှိတဲ့သူလိုဖြစ်နေပြီး.သူတကယ်ကိုgeminiနဲ့အဝေးမှာနေရတော့မယ်လို့ခံစားနေရပုံပါ..

'ငါ့ကိုကြည့်နေလို့လည်း.ဘာမှထူးမလာဘူး..
စာအုပ်ကိုပဲပြောင်းကြည့်..ငါသွားပြီ'

စာအုပ်ထူကြီးနှစ်အုပ်ကိုသယ်ပြီးထွက်သွားတဲ့geminiက စာကြည့်တိုက်ကိုသွားနေတာဖြစ်ပြီး.guideအပြင်တခြားသော special classတွေကိုပါနားပစ်လိုက်တဲ့geminiအဖို့ စာကြည့်တိုက်က လိုအပ်ရာပဲမလား.

'ငါလည်းလိုက်ချင်တယ်.'

မှီရာစာအုပ်ဆွဲပြီးgeminiအနောက်ကိုပြေးလိုက်တဲ့ fourth မှာ.ရည်ရွယ်ချက်ကောင်းကောင်းရှိလို့ရယ်တော့မဖြစ်နိုင် geminiနောက်လိုက်ရရန်သာရည်ရွယ်ပုံပါ..

~~~~

စာကြည့်တိုက်တွင်ဖြစ်သည်။

စာအုပ်ထူကြီးထဲမျက်လုံးအစုံကိုနှစ်မြုပ်ထားတဲ့geminiကို.တခုံကျော်ကနေနောက်ပြန်ထိုင်ရင်းကြည့်နေတဲ့fourthကဘာတွေတွေးနေတယ်လို့မမြင်သာပေမယ့်သဘောတကျကြည့်နေတာကိုတော့မငြင်းသာပါဘူး.

တခုံကျော်ကနေကျွန်တော့်ကိုစိုက်ကြည့်နေတဲ့fourthကဘာရည်ရွယ်ကြောင့်ရယ်လို့မသိပေမယ့် ထူးထူးခြားခြားနေရခက်နေသည်ကကျွန်တော့်မှာပါ.ဒါကစာလေ့လာမှုအပေါ်ကျွန်တော့်ရဲ့စိတ်အာရုံကိုထိခိုက်စေပါတယ်တကယ်.

Give me your forever Where stories live. Discover now