ကျောင်းကိုအစောကြီးရောက်နေတဲ့fourthမှာထပ်ကျက်ထပ်မှတ်လို့လည်းမရတော့မယ့်အတူတူကျောင်းစကြ်န်မှာလမ်းလျှောက်နေတာကသာဗိုက်အဆီကျလိမ့်မယ်လို့တွေးနေရင်းပါပဲ..
' အစောကြီးရောက်နေတာလား..'
အခန်းဖော်သူငယ်ချင်းတယောက်ရဲ့အမေးအားအပြုံးကြီးကြီးပြန်ပေးကာခေါင်းညိမ့်ပြလေတဲ့fourthက..တစတစရောက် လာပြီဖြစ်တဲ့လူတွေကြားထဲgeminiကိုလည်းရှာနေရင်းပါပဲ.
'..မင်းစာအကုန်ကြည့်လား..'
'ငါလား....နိုင်မယ်ထင်တာတော့လုပ်ထားတယ်'
တဖက်ရဲ့အမေးကိုအာရုံထားမအား..သူ့မျက်လုံးအစုံကgeminiကိုရှာနေရင်းနဲ့ကိုအချိန်ကုန်နေလို့ပါပဲ.
'မင်းလူရှာနေတာလား.'
'အေးကွာ..ဟုတ်တယ်...မင်းအတော်စကားများတာပဲ..ခနနေပါအုံးလား.'
ကျွန်တော့်ထပ်စကားများတဲ့သူရှိသေးမှန်းဒီနေ့မှသိရတဲ့အဖြစ်..
'ဟမ်?..'
'အေးအေး...ငါအောက်ဆင်းတော့မယ်'
ပြောမရမယ့်အတူတူအောက်ထပ်ဆင်းဖို့ကိုသာရွေးလိုက်ရတဲ့ကျွန်တော့်မှာဆက်ရပ်နေရင်ထပ်မေးထပ်ပြောလာအုံးမယ့်စကားတွေကိုကျွန်တော်မဖြေနိုင်တော့မှာမို့ပါ..တကယ်ပဲကျွန်တော့်လိုလူမျိုးကိုသည်းခံပေါင်းလာခဲ့တဲ့geminiအားကိုယ်ချင်းစာမိပါပြီတကယ်
~~~~
'စိတ်ကိုစုစည်းပြီးဖြေ..ဖိအားမထားနဲ့'
'ဟုတ်ကဲ့.အဖေ..'
အမေဖြစ်သူရဲ့ကားနဲ့လိုက်လာခဲ့ပေမယ့်အဖေဖြစ်သူရဲ့ကားတံခါးနားမှာသွားရပ်နေရတဲ့geminiမှာမိဘနှစ်ဦးလုံးရဲ့ဆက်ဆံရေးကိုနားလည်ဖို့ဆုံးဖြတ်ထားတာမို့ပါ
'မင်းအမေကိုနှုတ်ဆက်လိုက်အုံး..အဖေသွားပြီ'
'ဟုတ်ကဲ့'
မောင်းထွက်သွားပြီဖြစ်တဲ့အဖေဖြစ်သူရဲ့ကားကိုကြည့်ပြီးအမေဖြစ်သူရဲ့အနီးကိုလျှောက်လာခဲ့တဲ့geminiမှာ.ဘာကိုမှခံစားနေရပါကြောင်းမဖော်ပြပါပဲနဲ့
'ကောင်းကောင်းဖြေခဲ့..မင်းကတိကိုလည်းမမေ့နဲ့'
'ဟုတ်ကဲ့...'
YOU ARE READING
Give me your forever
Fanfictionဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.