'မင်းအတွက် ' ဆိုပြီးမနက်တိုင်းစာသင်ခန်းအဝမှာရပ်စောင့်ရင်းကမ်းပေးလေတာက.ကျွန်တော့်လက်ထဲမှာရှိနေပြီဖြစ်တဲ့.ဒီချိုချဥ်သကြားလုံးကိုပါ..သူဘာတွေကြံနေသလဲမသိပေမယ့်.အရင်ကထပ်ပညာရေးအပေါ်အားထုတ်နေကြောင်းတော့ကျွန်တော်သတိထားမိပါတယ်..နောက်ပြီးကျွန်တော်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုအချိန်အပိုင်းခြားသည်လည်းအရင်ကထပ်ပိုနည်းလာခဲ့ရတာကိုရောပေါ့..
'အားလုံးသိတဲ့အတိုင်း...ဒီနှစ်အတွက်ဝင်ခွင့်အမှတ်တွေကိုမြှင့်ထားတဲ့အတွက်..ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကိုဝင်နိုင်ဖို့က.နှစ်ဆကြိုးစားရမယ့်သဘောမှာရှိတယ်..စာလုပ်တဲ့နေရာမှာ..ပိုဂရုစိုက်အောင်ပြောတာ'
'ဒါခြောက်နေတာပဲမလား..ဟမ်'
တိုးတိုးနဲ့ပြောနေတဲ့သူကတခြားမဟုတ်တဲ့satangမှဖြစ်ပြီးအရှေ့တန်းကနေကို.အတန်းပိုင်ကိုbullyနေတဲ့သဘောပါပဲ
'အားလုံးကြားနေရတယ်..Satang...အထူးသဖြင့်..မင်း..
ဂစ်တာကြီးလွယ်တာဘယ်တော့ရပ်မလဲ..ဒါတက္ကသိုလ်ဝင်ခွင့်ဖြေရမယ့်စာသင်နှစ်နော်.''ကျွန်တော်နားထားတာကြာပါပြီဗျာ...အခုဆိုမနက်လည်းစာ.
ညဆိုလည်းစာ..ထမင်းတောင်စားမမြိန်တော့ဘူး'satangရဲ့အပြောကြောင့်ရယ်ကြတဲ့သူတွေထဲ.geminiကထပ်တူမပါရင်တောင်အနည်းငယ်တော့ပြုံးပါသေးတယ်..ပုံမှန်ဆိုဒီလိုပြောင်ချော်ချော်ခွန်းတုန့်စကားမျိုးကfourthဆီကသာကြားနေခဲ့ရတာမျိုးဖြစ်ပြီးအခုတွင်တော့မဟုတ်လေ.
နေရာသစ်မှာfourthတယောက်ကအသားကျဖို့လွယ်နိုင်ပေမယ့်.ကျွန်တော့်တွင်တော့နေရာဟောင်းမှာတောင်အသားကျဖို့ကသိပ်ခက်ခက်..တကယ်ပဲfourthမရှိတဲ့ဒီစာသင်ခန်းက.ကျွန်တော့်အတွက်အသားကျဖို့ခက်တာကိုတော့ဝန်ခံရမှာပါ.အထူးသဖြင့်ကျွန်တော်ရယ်ဖို့ပြုံးဖို့ရာမှာပေါ့
~~~~
'ကဲကဲ..မလိုက်လည်းထည့်.လိုက်လည်းထည့်ရမယ့်..
အထက်တန်းနောက်ဆုံးနှစ်ရဲ့ campaign ခရီးအတွက် အလှူငွေ!!.'အပတ်စဥ်သောကြာနေ့တိုင်း.ခရီးထွက်ဖို့အလှူငွေလိုက်စုနေတာက.နှစ်ဝက်စာမေးပွဲကတည်းကဆို.ရက်သတ္တပတ်အတော်ကြာပါပြီ..ဒီနေရာမှာsatangကခေါင်းဆောင်ဆိုလျှင်fourthက ..
ပါလေရာငါးပိချက်အနေနဲ့ဒီအဖွဲ့မှာmemberအနေနဲ့ဝင်ပါထားပါတယ်..သူမပါလည်းရရဲ့ကို.အပျော်မက်သူ.သူ့အဖို့တပတ်တခါအခန်းလှည့်နေရတာကိုကဝါသနာလိုဖြစ်နေတာပါ.
YOU ARE READING
Give me your forever
Fanfictionဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.