အပိုင်း ၄

236 22 0
                                    

လေပူတွေကိုမှုတ်ထုတ်ရင်း.ကျောင်းစကြ်န်မှာ.ခေါက်တုံ့ ခေါက်ပြန်လျောက်နေတဲ့fourthက.လက်ထဲကဘောပင်အိတ်ကိုလည်းလှုပ်ခါနေရင်းနဲ့ပါ.

'ရပြီလား.A'fourth.'

'ဟမ်..နည်းနည်း'

အတန်းဖော်သူငယ်ချင်းတယောက်ရဲ့အမေးကို.ယုံကြည်ချက်နည်းစွာပြန်ဖြေလေတဲ့fourthမှာ.ဒီလစာမေးပွဲကသူ့အတွက်စိန်ခေါ်မှုတရပ်ဖြစ်လာပြီမို့ပါ.တကယ်ပါ.geminiတယောက်ဒီတလလုံးသူ့စာကြည့်ချိန်တွေတော်တော်များများကို ကျွန်တော့်အတွက်အချိန်တွေဖဲ့ပေးခဲ့သည်ကနည်းတယ်ရယ်ရှိခဲ့မလား..

'အေးကွာ ငါလည်း..ဖိအားတော့နည်းနည်းရှိတယ်..အရင်တစ်ခါကလည်းအိမ်ခေါ်ခံရတော့.'

'ငါလည်းတူတူပဲ..ဟီး.'

အရေးထဲ.ပြီးခဲ့တဲ့လကကျောင်းအုပ်ကြီးရုံးခန်းမှာထိုင်ခဲ့တဲ့အချိန်ကိုပြန်စဥ်းစားပြီးရယ်မိသေးတဲ့ကျွန်တော်တို့နှစ်ယောက်ရယ်ပါ.

~~~~

ကျောင်းစကြ်န်မှာလူတယောက်နဲ့မျက်လုံးတွေပိတ်အောင်ရယ်ရင်းစကားတွေပြောနေတဲ့fourthကြောင့်.လျောက်လမ်းတနေရာကနေရပ်ကြည့်နေတဲ့geminiမှာ.ဘောပင်အိတ်ကိုခပ်တင်းတင်းညှစ်ကိုင်ထားရင်းပါ.

'သူ လာပြီ.ငါသွားတော့မယ်.'

အနားကသူငယ်ချင်းကိုအမြန်နှုတ်ဆက်ပြီးလှေကားဘက်ကနေတက်လာတဲ့geminiကိုမျက်လုံးကနေလှစ်ခနဲမြင်လိုက်တာမို့ လှေကားထိပ်မှာရပ်စောင့်နေတဲ့fourthပါ.

' ခဲဖျက်ပါလား..ငါ့ကိုချေး'

စကြန်ပေါ်ရောက်တာနဲ့ ခရီးဦးမစိုက်ခဲဖျက်တောင်းချေးလေတဲ့fourthမှာခုနေမှတောင်းချေးသည်မဟုတ် fourthအတွက်က..တစ်ခုမဟုတ်တစ်ခုလိုအပ်နေသည်ကနေ့တိုင်းလိုလိုပဲမလား.

'မင်းပညာရေးမှာအာရုံစိုက်သင့်တယ်'

သာမန်နဲ့မတူတဲ့အကြည့်နဲ့စကားသံကြောင့်မျက်ခုံးတွန့်သွားတဲ့fourthမှာ..အမြဲတမ်းစိတ်ကောင်းဝင်နေတဲ့လူရယ်မှမရှိပဲ..သူစိတ်ဆိုးနေတာမျိုးလည်းရှိနေနိုင်တာမို့ကျွန်တော်နားလည်ပေးရမှာပဲမလား.

Give me your forever Where stories live. Discover now