ဖီဖီကျွန်းအနားနီးလေ.ခံစားရတဲ့ခံစားချက်ကထူးကဲလေမို့.geminiအနားတိုးကပ်ကပ်ထိုင်နေရာမှ လှုပ်ရွလာပြီဖြစ်တဲ့fourthမှာ.ဘေးလွယ်အိတ်ထဲက ဖုန်းကိုထုတ်ရင်းမှတ်တမ်းရယူရန်ကြိုးပမ်းပါပြီ.
'လှလိုက်တာ...'
ကင်မရာရှုထောင့်တဝက်လောက်မှာgeminiကိုအသားပေးပြီးရိုက်ထားတဲ့ဒီမြင်ကွင်းကျယ်ဓာတ်ပုံက.ကျွန်တော့်အဖို့အပြည့်စုံဆုံးပုံကောင်းတပုံကိုရလိုက်ရသလိုပါပဲ.ပုံမှန်ဆိုgeminiကပုံအရိုက်ခံသူတယောက်မဟုတ်သလို.ကျွန်တော်နဲ့နှစ်ယောက်တွဲပုံဆိုရင်တော့လက်ချိုးတောင်ရေလို့ရပါတယ်.
'ဒီဘက်လှည့်ပါလား...မင်းကိုရိုက်ပေးမလို့..'
ကင်မရာမြင်ကွင်းထဲမှာပဲအာရုံစိုက်လျက်ရှိနေတဲ့fourthမှာ.geminiရဲ့ပုခုံးအစွန်ကိုလှမ်းကိုင်ရင်း.ဖုန်းကင်မရာရှိရာဘက်ကိုလှည့်ခိုင်းလေပါပြီ
'မရိုက်ချင်ဘူး...မရိုက်နဲ့..'
ဘေးစောင်းအနေတိုင်းကိုမှငြင်းဆန်သေးတဲ့geminiကြောင့်.ထင်မထားတဲ့တုန့်ပြန်မှုတခုလည်းမဟုတ်တာမို့.ဇွဲမလျှော့နိုင်သေးတဲ့fourthပါ..
' ဒီပုံကဘယ်လောက်လှလဲမင်းမှမမြင်ရတာ...လုပ်ပါ..ဒီဘက်လှည့်ရုံတင်ကို.ကပ်စေးမတိုပါနဲ့..'
geminiရဲ့မေးစေ့ကိုကိုင်ရင်းဒီဘက်လှည့်စေရန်ကြိုးပမ်းလေတဲ့fourthမှာ.ချစ်စရာကောင်းတဲ့ပုံကောင်းတပုံကိုပါ.ထင်မထားပါပဲရသွားခဲ့ပြန်ပါပြီ..တကယ်ပါ..ဒါကတကယ်ကိုအမှတ်ရစေမယ့်ပုံကောင်းတပုံပါပဲ.
~~~~
နေ့လည်စာမတိုင်မီ.ကမ်းကပ်ခဲ့ပြီမို့.ခရီးဆောင်အိတ်တွေကိုကိုယ်စီရွေးယူရင်းကြိုတင်မှာထားတဲ့ အခန်းတွေဆီခရီးဆက်ရတဲ့အခါ.ဒီတွင်လည်း.မထော်တွေလုပ်ထားလွန်းတဲ့fourth အဖို့ဂယက်ရိုက်ရပြန်ပါတယ်.
'ငါဒီလောက်ရှုပ်မယ်ထင်ရင်အများကြီးမသယ်ခဲ့ပါဘူး...တကယ်'
ပစ္စည်းတဝက်ဝိုင်းသယ်လေတဲ့geminiကိုမျက်နှာချိုသွေးရင်း
နောင်တရကြောင်းပြောနေတဲ့fourthရဲ့အသံတွေထဲအစစ်မှန်လို့ခံစားရပုံမရပါ..တကယ်တမ်းခရီးတခုထွက်ရတာက.ဒီလောက်တော့ပါလာသင့်တယ်လို့fourthတယောက် တွေးနေတုန်းမို့လေ
YOU ARE READING
Give me your forever
Fanfictionဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.