အခန်းပြည့်မီးခိုးရောင်အဖျော့ကိုသုတ်ပစ်လိုက်တဲ့ gemini မှာ.ထူးထူးခြားခြားအနေနဲ့ig storyကိုကောက်တင်လိုက်တဲ့အခါ.first viewerအနေနဲ့ကfourthကလွဲတခြားမရှိနိုင်ပါ.တကယ်ပါfourthတယောက်ပြေးလာသလားထင်ရအောင်ခုstoryတင် ခုရောက်လာတာမျိုးပါ.
~~~~
နေ့လည်ထမင်းစားချိန်တွင်ဖြစ်သည်။
geminiထမင်းဘူးထဲက.ဝက်ဂုတ်သားကင်ကိုခက်ရင်းနဲ့ထိုးကလော်နေတဲ့fourthမှာ.ထိုးကလော်ရခက်နေတဲ့ကြားကအားထုတ်နေတာပါ..
'မင်း.အမေသာအပိုင်းလေးတွေပိုင်းလာပေးရင်သိပ်ကောင်းမှာပဲ..မဟုတ်ရင် အားလုံးကငါ့ပန်းကန်ထဲရောက်တော့မှာ.'
'အင်း.'
fourthရဲ့လှုပ်ရှားမှုတွေကိုသာလိုက်ကြည့်နေတဲ့geminiမှာအင်းလို့သာပြန်ဖြေလိုက်တာ.တကယ်တမ်းfourthတယောက်ဘာပြောလိုက်သလဲကိုတောင်သိလိမ့်မယ်မထင်..
'မင်းမစားဘူးလား...အချိန်ကိုလည်းကြည့်အုံး'
အစာအဆိပ်သင့်ပြီးနေမကောင်းဖြစ်ခဲ့တာမို့ ဂရုစိုက်စေချင်တဲ့အန်တီvickyရဲ့စကားကြောင့် နှစ်ယောက်အတူနေ့လည်စာပြန်စားဖြစ်ပေမယ့်..ကျွန်တော်နဲ့အတူစားရတာအသားမကျတော့ဘူးလားလို့တောင် ထင်ရအောင်တိတ်ဆိတ်နေတဲ့geminiရဲ့ပုံစံ
ကြောင့်.ဒီဝက်ဂုတ်သားကိုသာဒုက္ခပေးနေရတဲ့ကျွန်တော်'ငါမနက်စာအများကြီးစားခဲ့လို့..မင်းအတွက်ပဲယူလာတာ'
'အော...'
တကယ်လည်းကျွန်တော်ချည်းစားနေတဲ့ဒီထမင်းဝိုင်းက.ခုနေမှသာနေရချောင်ချိသွားသည်ကအကြောင်းအရင်းတခုခုကိုကြားလိုက်ရလို့ပါပဲ..မဟုတ်ရင်အတွေးပေါင်းစုံနဲ့ကျွန်တော်ကနေရသိပ်ခက်နေလို့ပါ..
'မင်း..ငါ့ကိုမေးစရာမရှိဘူးလား..fourth'
ကျွန်တော့်ဟင်းဘူးထဲက.ကိုက်လန်ရွက်ကြော်ကိုလာခတိရင်းမေးလေတဲ့geminiရဲ့အမေးကြောင့် မအံ့သြသင့်ပေမယ့်အံ့သြလိုက်မိပါပြီ..geminiကဘယ်တုန်းကအရွက်ကြော်စားတတ်သွားတာမို့လဲလေ.
'ဟမ်!..မေးစရာ..အော....မနက်ကဘာနဲ့စားခဲ့လဲ.အဲ့ဒါလား'
fourthရဲ့ခပ်မြန်မြန်တုန့်ပြန်စကားထဲမှာ.သူကြားလိုတာမကြားရတာမို့.မျက်မှာပြောင်းသွားတဲ့geminiမှာ.သူကြားလိုသည်က.အခန်းတွင်းပြင်ဆင်မှုနဲ့ပတ်သတ်ပြီးမေးခွန်းထုတ်လာရန်ပါ..အထူးသဖြင့်.fourthရေးခဲ့တဲ့စာတန်းနဲ့ပတ်သတ်ပြီးစပ်စုစေလိုတာဆိုမမှားပါဘူး..
YOU ARE READING
Give me your forever
Fanficဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.