ညနေစောင်းအချိန်တွင်ဖြစ်သည်။
ဂစ်တာကိုယ်စီနဲ့.Markပေးခဲ့တဲ့ သီချင်းကိုတီးနေတဲ့ Fourthနဲ့ satangမှာ.ချောချောမွေ့မွေ့ရယ်တော့မဟုတ်သေးပေမယ့်တိုးတက်လာတာကိုတော့ငြင်းမရပါဘူး.
'အကိုMarkပြန်လာဖို့က၂ရက်လောက်ပဲကျန်တော့တာမို့ ငါတို့အဆင်သင့်မဖြစ်သေးရင်ကောင်းပါ့မလား'
စိုးရိမ်စိတ်မထားတတ်တဲ့satangကတောင်.ထုတ်ပြောလာတဲ့ဒီစကားကြောင့်မျက်ခုံးပင့်မိသွားတဲ့fourthမှာ.သူတွင်လည်းအဆင်သင့်မဖြစ်သေးတာကြောင့်.
'နိုင်သလောက်တော့ကြိုးစားနေတာပဲ..အကိုMarkအသိမှတ်ပြုမှာပါ.'
'အင်း...အောင်းဝ်..အကိုMark'
'အကိုMark..ပြန်လာပြီပေါ့'
ကျွန်တော်တို့ဆီလျောက်လာနေတဲ့အကိုMarkကအရင်အတိုင်းဂစ်တာအိတ်ကိုကျောမှာလွယ်ထားရင်းပါပဲ
'အင်း...'
တယောက်တလှည့်ဆီဖက်ရင်းနှုတ်ဆက်ကြလေတဲ့သူတို့၃ယောက်လုံးမှာ.ပွင့်လင်းတဲ့နှလုံးသားတစုံစီကိုပိုင်ဆိုင်ထားကြတာမို့ အချိန်တိုတွင်းမှာပဲညီကိုရင်းတွေလိုခင်တွယ်သွားကြတာပါ.
'အခုတောင် အကို့အကြောင်းပြောနေသေးတယ်...လက်ကွက်တွေကထင်သလောက်မှတ်မိနိုင်ဖို့မလွယ်တော့..အကိုထားခဲ့တဲ့အိမ်စာက.မရဘူးထင်တယ်အကိုMark...'
'ကျွန်တော်ရောပဲ..မရဘူးအကို..ခက်တယ်'
ပြိုင်တူနီးပါးခက်ခဲကြောင်းဝန်ခံကြတဲ့သူတို့နှစ်ယောက်ကြောင့်.ပြုံးမိလေတဲ့Markမှာ..အပြစ်ရယ်လို့ဆိုစရာမှမရှိတာလေ.
'အတင်းအကြပ်လုပ်ခိုင်းခဲ့တာမှမဟုတ်ပဲ..ဒါမယ့်ဘယ်လောက်ရလဲတော့အကိုနားထောင်ကြည့်မယ်..ဘယ်သူအရင်တီးမလဲ.'
'အာ..fourth..fourthအရင်တီးမယ်ထင်တယ် '
'အောင်းဝ်...'
စ တီးဖို့.တယောက်တလှည့်ငြင်းချက်ထုတ်နေတာမို့ Markရဲ့ရွေးချယ်ပေးမှုနဲ့သာအဆုံးအဖြတ်ဖြစ်သွားခဲ့ရပါတယ်.
~~~~
ကျောင်းထမင်းဗူးကိုဖွင့်ဖောက်စားနေတဲ့fourthက.သူ့ကိုယ်ပိုင်ထမင်းဗူးထပ် geminiရဲ့ထမင်းဗူးကိုသာ အာသီသရှိပုံပါပဲ.
YOU ARE READING
Give me your forever
Fiksi Penggemarဇာတ်လမ်းအကျဥ်းကိုကြိုရေးပြရင်ပေါ့သွားမှာစိုးလို့. ဖတ်လာရင်းနဲ့ပဲလေ့လာလိုက်ရအောင်လား.. ကဲပါ...ရိုလာကိုစတာစီးရတော့မယ်လို့သာမှတ်ပြီးလိုက်ခဲ့တော့... Knock Knock!!.ကိုယ်တို့လာပြီနော်.