အပိုင်း ၁၇

256 22 1
                                    

#ကျောင်းတွင်းချစ်ပုံပြင် ဆိုတဲ့hashtagနဲ့ geminifourthရဲ့ပုံတွေကpageတခုမှာhitဖြစ်နေခဲ့တာဖြစ်ပြီး..ခေတ်စကားနဲ့ဆိုရရင်Boylove အချစ်ပုံစုံမျိုးဖြစ်ပြီး closeဖြစ်တဲ့သူတို့နှစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုcaptionအမျိုးမျိုးနဲ့တင်နေခဲ့ကြတာမျိုးပါ..

အဲဒီpageကprivate pageတခုဖြစ်တာမို့.pageထဲကအကြောင်းအရာနဲ့ပုံတွေကိုpublicမှာဖော်ထုတ်ဖို့ကန့်သတ်ထားတာဖြစ်ပြီး memberတယောက်ဖြစ်ဖို့ရန်တောင် geminifourthရဲ့ နှစ်ယောက်တွဲပုံတပုံကို.ဝင်ကြေးအနေနဲ့သွင်းကြရတာမျိုးပါ..

page adminကဘယ်သူရယ်လို့မသိပေမယ့် ညည့်နက်သည်အထိpageထဲဝင်နှောင့်နေကြတဲ့သူတွေထဲ.မိန်းကလေးများသာမက.ယောကျ်ားလေးများလည်းပါဝင်နေကြတာဖြစ်ပြီးအများအားဖြင့်geminifourthရဲ့ ပတ်သတ်မှုကိုအဖြေတခုရဖို့စောင့်နေကြတဲ့သူကဒုနဲ့ဒေးပါပဲ.

ဒါတွေကိုကာယကံရှင်တွေကသိလိမ့်မှာမဟုတ်ပေမယ့်.မတော်တဆသိသွားခဲ့ရင်တောင် memberအားလုံးကသိုသိုဝှက်ဝှက်နေကြမယ့်သူတွေလည်းဖြစ်တာကတကြောင်း.နောက်ပြီးထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိကြမှန်းလည်းသိနိုင်တာမို့.တနေ့ထပ်တနေ့fan baseများလာတာကိုတော့တားမရနိုင်ဘူးမလား..

~~~~

သီချင်းတစ်ပုဒ်ကိုအစပျိုးရတာကမလွယ်သလိုအဆုံးသတ်ဖို့ရန်လည်းတကယ်တမ်းမှာမလွယ်..ဒါကဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အသိနဲ့ကြိုးစားပြီးလုပ်ဖို့ရန်တော့ ခံစားချက်အလျောက်စီးမြောရတဲ့သဘာဝမို့.အားထုတ်ရတာကလည်းသိပ်ခက်ခက်ပါပဲ.ဒါပေမယ့်..နှစ်လည်ပြီးရင် နောက်ဆုံးစာမေးပွဲကြီးက.အနှေးနဲ့အမြန်ပဲရောက်လာတော့မှာမလား.

ပုံမှန်ဆို.ကျွန်တော့်ရေးလက်စသီချင်းကိုအမြန်အဆုံးသတ်နိုင်ဖို့မတွေးဖူးသလို.အလောဆန်ဆန်ဖန်တီးဖို့ရန်လည်းမလုပ်ချင်ပါ.ဒါပေမယ့် အထက်တန်းနှစ်လွန်တာနဲ့ချင်းမိုင်ကိုပြန်ဖို့ပြောလာခဲ့တဲ့တယောက်သောသူကြောင့်ကျွန်တော်အားထုတ်ရတော့မှာပါ.ဝန်ခံပါသည်..ကျွန်တော်primအတွက်သီချင်းရေးနေတာပါ.

ပထမဆုံးနေ့ကတိုင်.ဒီနေ့ထိမပြောင်းလဲတဲ့ကျွန်တော့်စိတ်နှလုံးကိုဖော်ပြဖို့.အချစ်သီချင်းအေးအေးတပုဒ်ကသာစွမ်းဆောင် နိုင်စွမ်းရှိလိမ့်မယ်လို့အရိုးသားဆိုကျွန်တော်ထင်ပါတယ် ..primကကျွန်တော်ပထမဆုံးရေးဖြစ်မယ့်သီချင်းတစ်ပုဒ်ရဲ့မူပိုင်ပါပဲ..

Give me your forever Where stories live. Discover now