အပိုင်း ၁၄

259 18 5
                                    

geminiရဲ့ခပ်သြသြအသံကိုတခါတရံသဘောကျမိတဲ့ကျွန်တော်က ဗီဇတခုကြောင့်ဒီလိုအသံမျိုးကိုပိုင်ဆိုင်ရမှန်းသိပေမယ့် တကယ်တမ်းgeminiအဖေ့ကိုတွေ့ရကာမှ အသံပင်မက.မျက်နှာပါအတော်ဆင်မှန်းခံစားမိပါတယ်..အန်ကယ်sawon.ကိုကျွန်တော်တကြိမ်သာဆုံဖူးပေမယ့် အဲဲဒီတကြိမ်ကလည်း..ခပ်လှမ်းလှမ်းကပဲမို့ဒီလိုမျိုးgeminiနဲ့အတော်တူမှန်းမသိခဲ့ပါဘူး..

' တက်ကြွတဲ့လူငယ်တွေကိုမြင်တိုင်းငယ်ဘဝကိုသတိရမိတယ်..ဒါမယ့် မင်းကတော့ another levelတခုလောက်မှာရှိတယ်'

ချီးကျူးတာလားကဲ့ရဲ့တာလားမသိတဲ့ဒီစကားကိုဒီအတိုင်းထိုင်နားထောင်နေတဲ့ကျွန်တော့်မှာ.geminiချပေးထားတဲ့ရေတခွက်ကြောင့်သာဆောက်တည်ရာ.ရာနေတာမျိုးပါ.ဟူးးး

'အဖေမင်းကို စ နေတာ'

'အော...ဟုတ်လား..အိမ်ကအန်တီလည်းပြောတယ်..ကျွန်တော်ကမျောက်ရှုံးတယ်တဲ့လေ..အဲ့လိုပဲငြိမ်ငြိမ်နေလို့ကိုမရတာ..တခါတလေကိုယ့်ကိုယ်ကိုတောင်မူးသွားတယ်'

စကားပြောတိုင်းရယ်မောနေတဲ့ဗီဇကြောင့်တဖက်လူကိုhappy vibeရစေတဲ့fourthမှာ.အခုတွင်လည်းလွတ်လွတ်လပ်လပ်စကားပြောနေရင်း. အန်ကယ်sawonကိုမျှဝေနေတာပါပဲ.

'ဒါကပါရမီပဲ..ထူးခြားတဲ့ပါရမီပဲ..ဒီ​လိုပဲနေ..ဘယ်သူ့ကြောင့်နဲ့မှမပြောင်းနဲ့'

'အဲ့လိုရတာလား.'

'ရတာပေါ့..ဘာလို့လဲ..သားgeminiတားလို့လား'

'ဟင်?..မဟုတ်ပါဘူး..သူတားလည်းကျွန်တော်ကပြင်ရတော့မှာမဟုတ်ဘူး..အခုဆို၁၇နှစ်လောက်ကိုဒီလိုမျိုးပဲနေလာတာလေ.အကျင့်ဖြစ်နေပြီ.'

လူတယောက်နဲ့အံဝင်ခွင်ကျဖြစ်အောင်ပေါင်းသင်းတတ်တဲ့fourthမှာ.အန်ကယ်sawonနဲ့အကြောင်းအရာတွေအများကြီးကို​ပေါ့ပေါ့ပါးပါးပြောနေနိုင်တာဖြစ်ပြီးgeminiတွင်တော့နားထောင်သူအဖြစ်နဲ့သာရှိနေပါတယ်

'ok...အန်ကယ်အလုပ်ရှိလို့သွားအုံးမယ်..နောက်လည်းလာ..
အန်ကယ်မင်းကိုသဘောကျတယ်'

'ဟုတ်..ကျွန်တော်လည်းအန်ကယ့်ကိုသဘောကျတယ်'

မဆိုင်းမတွပြန်​ဖြေ တဲ့ဒီအဖြေကြောင့်ပြိုင်တူပြုံးမိတဲ့အန်ကယ်sawonတို့သားဖပါပဲ.fourthကအန်ကယ်sawonကိုရွယ်တူလိုပေါင်းသင်းနေတာချည်းမလား.

Give me your forever Where stories live. Discover now