အပိုင်း ၆

246 19 0
                                    

ဧည့်ခန်းကအိမ်ဖုန်းမြည်သံကြောင့် အိမ်ပေါ်ကနေပြေးဆင်းလာတဲ့geminiမှာ.လှေကားထစ်တွေရဲ့အဆုံးကိုရောက်ချိန်မှာတော့.

'ရတယ်..ဆရာမ.ကျွန်တော် ပြောထားလိုက်မယ်..'

ဖုန်းဖြေနေတဲ့အ​ဖေဖြစ်သူကြောင့်.ခြေလှမ်းတို့တန့်သွားတဲ့ geminiမှာ.အိမ်ပေါ်ပြန်တက်ဖို့ပြင်လိုက်ပါပြီ..

'gem...'

အနောက်ကအဖေရဲ့ခေါ်သံကြောင့်ကျွန်တော့်ခြေတလှမ်းက လှေကားထစ်ရဲ့အပေါ်ကိုမဟုတ်ပဲလှေကားထစ်ရဲ့အောက်အရပ်ဖြစ်တဲ့ ဧည့်ခန်းကြမ်းပြင်ပေါ်နေရာချလိုက်ရပါပြီ

'ဗျာ..အဖေ.'

' guideချိန်ကို.မနက်ဖြန်မှာနေ့ခင်းယူမယ်တဲ့.ညဘက်ကအလုပ်ရှိလို့ဆိုလားပဲ.အဲ့ဒါ.မင်းအချိန်ရလား.မရရင်ပြော.မနက်ဖြန်အချိန်ဇယားဖျက်ခိုင်းလိုက်မယ်'

'ကျွန်တော်အ​မေ့ကိုမေးလိုက်အုံးမယ်'

'အေး...ကောင်းတယ်'

အ​ဖေကဒီလိုလူ.အ​မေနဲ့မတူတဲ့အ​ဖေကဒီလိုလူ.အမြဲတစေ.ပေါ့ပေါ့ပါးပါးပဲစိတ်ကိုမွေးတယ်.ဒီလိုပဲကျွန်တော့်ကိုလည်းပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်ဖို့ကြုံရင်ပြောတယ်.

အ​မေပြောတဲ့မိသားစုအပေါ်အလေးနက်ထားပြီးဦးဆောင်ဦးရွက်မပြုလိုတဲ့ယောကျ်ားသားမျိုးက.မင်းအ​ဖေလိုလူမျိုးဆိုတဲ့စကားက..မဝှက်တမ်းဝန်ခံရရင်.မှန်သင့်သလောက်တော့မှန်ပါတယ်..ဒါပေမယ့် မှားသင့်သလောက်လည်းမှားပြန်ရော.

အ​ဖေနဲ့မဆုံအောင်အတတ်နိုင်ဆုံးကွေ့ဝိုက်ပြီးနေခဲ့တဲ့ကျွန်တော်က.ခုလိုဆုံရပြန်တော့လည်းခက်ခဲတဲ့ခံစားချက်ကိုမပေး.အရင်အတိုင်းအ​ဖေက.ကျွန်တော့်ကိုgemလို့ခေါ်တယ်.အရင်အတိုင်းကျွန်တော့်သဘောနဲ့ကျွန်တော့်ဆန္ဒကိုမေးတယ်စောင့်တယ်.

ဝန်ခံပါ့မယ်..ကျွန်တော့်အပေါ်အ​ဖေဆက်ဆံခဲ့သမျှ.ကျွန်တော့်စိတ်မကျေနပ်ခဲ့သည်ကတကြိမ်ပင်မရှိခဲ့..အ​မေအပေါ်ကိုသာ.အ​မေရောကျွန်တော်နဲ့အတူအ​ဖေကိုယ်တိုင်ပါတဲ့မိသားစုကိုသာ.အ​ဖေဆက်ဆံခဲ့သည်က စိတ်ကျေနပ်စရာမရှိတာပါ..
ဒါလေးပဲ..ဒီဒါလေးသာ ပြင်ဆင်နိုင်ခဲ့ရင်.ကျွန်တော့်အတွက်လိုအင်ဟူရယ်လို့မရှိတော့ပါဘူး.

Give me your forever Where stories live. Discover now