စာစဉ်အမည် - ငါ့မှာ ရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီအပိုင်း (၁)
ငါ့ဖုန်းက ရတနာတွေကို အလိုလျောက်ရှာနိုင်တယ်။ကျုံးဟိုင်မြို့၊ ကျုံးဟိုင်တက္ကသိုလ်နားရှိ အိုဟောင်းပျက်စီးနေသော အငှားအိမ်တစ်ခုတွင် ယဲ့ဖန် စာချုပ်ကို အခုဘဲ ချုပ်ဆိုလိုက်တာဖြစ်ပြီး အိမ်ပိုင်ရှင်ကို လိုက်ပို့ပြီးတဲ့နောက် စိတ်ထဲကို အကြောင်းကြားစားရောက်လာသံပေါ်လာသည်။
[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ သင်ကအခု ရတနာရှာဖွေခြင်းစနစ်နဲ့ သက်ဆိုင်သွားပြီဖြစ်ပါသည်။ ]
တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ဖုန်းထဲက ညွှန်ကြားရေးအပ်ပလီကေးရှင်းမှ မျက်စိကျိန်းစေနိုင်လောက်တဲ့အဖြူရောင်အလင်းထွက်ပေါ်လာပြီးနောက် တစ်ဖန် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
ယဲ့ဖန် အနည်းငယ်တွေဝေသွားရသည်။
သူက ဝတ္ထုတွေကို ကြိုက်နှစ်သက်ကာအားပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မကြာခဏအွန်လိုင်းဝတ္ထုများကို ဖတ်လေ့ရှိသည်။ ဒါကြောင့်ဘဲ စနစ်တွေဟာ အဓိကဇာတ်ကောင်ရဲ့စံနှုန်းတစ်ခုဖြစ်မှန်း သူအလိုအလျောက်သိသည်။
သူ စနစ်ကို မငြင်းပယ်ခဲ့ချေ။ အဲ့အစား သူက အဲ့ဒါနဲ့ပတ်သက်ပြီး မျှော်လင့်တစ်ကြီးရှိပေမဲ့ နည်းနည်းအစစ်အမှန်မဟုတ်သလိုလည်းခံစားမိသည်။
သူ တွေဝေနေတုန်းမှာ မထင်မှတ်ထားဘဲ စနစ်ကနေ အကြောင်းကြားစာရောက်လာသံ ထပ်ပေါ်လာသည်။
[ ခိုးထားတဲ့ပိုက်ဆံ ၉၂ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိထားပါသည်။ ]
[ ရတနာရှာဖွေခြင်းစနစ်က သင့်ကို လမ်းပြပေးနေပါသည်။ လမ်းလျှောက် ညွှန်ကြားခြင်းကို စတင်လိုက်ပါပြီ။ ကျေးဇူးပြု၍ သင့်ရဲ့လက်ရှိနေရာမှ ဘယ်ဘက်အရှေ့တည့်တည့်ကိုလျှောက်ပြီး ၆မီတာအကွာမှ တည်နေရာသို့သွားပါ ..... ]
ဘယ်ဘက်ကနေ ၆မီတာလား။
အဲ့တာက သူ့ရဲ့ကိုယ်ပိုင်အိပ်ခန်းရှိတဲ့နေရာမဟုတ်ဘူးလား။

YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-