02

237 32 8
                                    

"ဦးလေး...ဦးလေး ခဏရပ်!! ခဏရပ်!!"

ကျောင်းသွားနေတဲ့လမ်းမှာ ဘယ်တုန်းကမှ သတိမထားမိခဲ့တဲ့ ဆေးဆိုင်လေးတစ်ဆိုင်ကိုမြင်လိုက်လို့ ဂျဲနို အလောတကြီးနိုင်လှစွာနဲ့ ကားကို ရပ်ခိုင်းလိုက်မိ၏။

*ကျွီ!!!

"သခင်လေး ဘာလို့..."

"ခဏနော်၊ ချက်ချင်းပြန်လာမယ်"

ဂျဲနို ပိုက်ဆံတစ်ရွက်ကိုဆွဲထုတ်၊ ကားပေါ်ကနေ ဆင်းပြေးပြီး ဆေးဆိုင်လေးထဲ ဝင်လိုက်ရသည်။ ဒါပေမဲ့ ဘယ်လိုဒဏ်ရာအတွက် ဘယ်လိုဆေးကိုသုံးရမလဲဆိုတာ ဂျဲနိုမသိ။ ဂျဲနိုရဲ့ဘဝမှာ ထိခိုက်ဒဏ်ရာဆိုတာလည်း မရခဲ့ဖူးဘူးလေ။

"ဟို..ဆေး..ဝယ်ချင်လို့"

"ဟင်.. ကျောင်းသား ဘာဖြစ်လို့လဲ၊ ဗိုက်အောင့်လို့လား"

ဂျဲနို ခေါင်းခါပြမိသည်။ ထိုအခါ ဆေးဆိုင်က ဆရာဝန်က ဂျဲနိုရဲ့နောက်ကိုလှမ်းကြည့်ပြီး...

"ကျောင်းသား တစ်ယောက်တည်းလား၊ မဟုတ်မှ...ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ဒဏ်ရာတွေရလို့လား"

"အဲ့လိုမဟုတ်ပါဘူး၊ ကျွန်တော့်အတွက် မဟုတ်ပါဘူး၊ သူငယ်ချင်းအတွက်ပါ"

"သူငယ်ချင်းအတွက်? ဘာလို့လဲ၊ သူရော တစ်ခုခုဖြစ်လို့လား"

ဂျဲနို အင်တင်တင်နဲ့ ခေါင်းငြိမ့်ပြလိုက်ရသည်။ ဆေးဆိုတာ အသုံးလိုနေသူနဲ့ ရောင်းပေးသူကသာ ဘာသုံးရမလဲဆိုတာ သိတာမို့...

"ဟို...သူ ဒဏ်ရာရနေလောက်လို့၊ အရိုက်ခံထားရတာမို့...ဘယ်လိုဆေးဝယ်ပေးသင့်လဲ"

"ဘယ်လိုအရိုက်ခံရတာလဲ၊ သွေးထွက်လား၊ အတွင်းကြေလား"

"...သေသေချာချာတော့ မသိပါဘူး၊ နှစ်မျိုးလုံးအတွက် သုံးလို့ရတဲ့ဆေးပေးပါ၊ နောက်ပြီး... သူ အစာစားချိန်မမှန်လို့ ဗိုက်အောင့်နေမှာလည်းစိုးလို့၊ အဲ့ဒါအတွက်ရောပေးပါ"

ဂျဲနိုရဲ့ တောင်းဆိုမှုတွေကြောင့် ဆေးဆိုင်မှ ဆရာဝန်က နည်းနည်းတော့ တွေဝေသွားပုံပေါ်သည်။ သို့ပေမဲ့လည်း ချက်ချင်းဆိုသလို ဆေးတွေကို ထုတ်ပေးလာရင်း...

tbh [Ongoing....]Where stories live. Discover now