"မင်း ဘာတွေလုပ်ထားသေးလဲ မီဟျွန်း"
"ဘာကိုမေးချင်တာလဲ"
"...ခုနက သားပြောသွားတာ မင်း မကြားလိုက်ဘူးလား"
"ကျွန်မမှ ဘာမှမလုပ်ထားတာ၊ ဘာကို ရှင်းထားရမှာလဲ"
အီဂျုံဆန်းက ခေါင်းမာလွန်းတဲ့မိန်းမနဲ့ တဇွတ်ထိုးလုပ်တတ်တဲ့သားကြားမှာ အမြဲတမ်းကြားညပ်နေရလျက်ရှိသည်။ ကင်မ်မီဟျွန်းကိုကြည့်တော့လည်း မျက်ခုံးတွေစုကျုံ့၊ နှုတ်ခမ်းတွေ တင်းတင်းစေ့ထားပြီး တစ်ခုခုကို တွေးတောနေသလိုမျက်နှာထားမျိုးဖြစ်နေ၏။
"မီဟျွန်း... ကိုယ် တကယ်မေးနေတာ၊ ဘာလုပ်ထားသေးလဲ၊ ဂျဲနို... အဲ့ဒီ ခွေးကောင်လေးက တကယ်လုပ်တော့မှာ"
"အီဂျုံဆန်း... အခု ရှင်က ကျွန်မကို သံသယလာဝင်နေတာလား"
"အဲ့လိုမဟုတ်..."
"ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးပါ၊ ကျွန်မ စဉ်းစားဖို့လိုတယ်"
ကင်မ်မီဟျွန်းရဲ့စကားကြောင့် အီဂျုံဆန်းက ထိုင်ခုံပေါ်မှာ ခေါင်းလှန်ထားရင်း ငြိမ်ငြိမ်လေးထိုင်နေလိုက်ရသည်။ မဟုတ်ရင်တောင် ကင်မ်မီဟျွန်းက ရှေ့နေဖြစ်ခဲ့တာမို့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ သူ့ထက် ပိုတော်မယ်ဆိုတာ သိပါသည်။ သို့ပေမဲ့ တစ်ဖက်က သားဖြစ်သူကလည်း သူ့နည်းသူ့ဟန်နဲ့ အကုန်စီစဉ်ပြီးသားဖြစ်နေလို့ သူလည်း ဘာမှမတတ်နိုင်။
သာမန်လူတွေကတော့ ဂျဲနိုက ဘယ်လိုလူမျိုးလဲဆိုတာ မသိနိုင်ပေမဲ့ ကင်မ်မီဟျွန်းနဲ့သူကတော့ ဂျဲနိုရဲ့အကြောင်းကို ကောင်းကောင်းသိကြတဲ့သူတွေလေ။ လိုချင်တာရှိရင် မရရအောင်ယူတတ်တဲ့၊ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်ပေမဲ့ သူကြိုးစားနေတယ်ဆိုတာကို တခြားသူတွေက မရိပ်မိလောက်တဲ့အထိ အနေအထိုင်လည်း ပိရိသေးတာ။
အခုလည်း ဂျဲနိုလုပ်နေတဲ့ကိစ္စတွေကို နောက်ကနေ လိုက်စုံစမ်းနေလို့သာ ပြန်သိရတာ။ မဟုတ်ရင် ဘယ်လိုမှကို သိရမယ်မထင်ဘူးလေ။ Milan မှာ နေခဲ့တဲ့တစ်လျှောက်လုံးလည်း သူကြိုးစားစရာရှိတာတွေကို ရေကုန်ရေခမ်းကြိုးစားနေပြီး တစ်ဖက်ကလည်း ဂျယ်မင်းဆိုတဲ့ကလေးအပေါ် အကောင်းဆုံးsupportပေးနေခဲ့သေးသည်။
YOU ARE READING
tbh [Ongoing....]
FanfictionNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........