"ဂျဲနို ... မသွားလို့မရဘူးလား၊ သတင်းစာရှင်းလင်းပွဲလည်း လုပ်ပြီးနေပြီပဲ၊ ပြီးတော့ ငါလည်း ဘာမှမဖြစ်.."
"ကိုယ်က ဖြစ်တယ်လေ၊ ဂျယ်မင်း .. အဲ့ဒီကိစ္စကြောင့် မင်း ဘယ်လောက်တောင် ငိုခဲ့ရလဲ၊ မင်း ငိုနေတာကို ဘာမှမလုပ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်စိတ်ပျက်ခဲ့ရလဲ၊ ဒါက ဒီတိုင်း ပြီးသွားရမဲ့ကိစ္စမဟုတ်ဘူး၊ ကိုယ်က ခွင့်မလွှတ်နိုင်ဘူး"
ဂျယ်မင်းက သူ့ကိုတောင် လှည့်မကြည့်ဘဲ စကားပြောနေတဲ့ ဂျဲနိုကို သက်ပြင်းချရင်းနဲ့ပဲ ကြည့်လိုက်နိုင်၏။ နောက်တော့ ပြောမရမဲ့အတူတူ လွှတ်ထားရုံပဲရှိတော့တာမို့လို့ ဂျယ်မင်းက ကားမှန်ကိုမှီထားရင်း အပြင်ဘက်ကိုပဲ ငေးကြည့်နေမိတော့တာ။
သူ့အနေနဲ့ဆိုရင် video leak လာတာနဲ့ပတ်သက်ပြီး ဘာမှလည်းထပ်မသိချင်၊ ထပ်လည်းမဖြေရှင်းချငိတော့လို့ ဒီတိုင်းနေလိုက်ချင်တာလေ။ အဲ့ဒီကိစ္စကြောင့် သူ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ။ ခွင့်လွှတ်နိုင်တာ ခွင့်မလွှတ်နိုင်တာတွေထက် ဒီတိုင်း လျစ်လျူရှုလိုက်ချင်တာ။
အဲ့ဒီဟာကိုဖြန့်တာ သူ့ဘေးကလူတွေမဟုတ်ရင် ပြီးတာပဲဆိုတဲ့စိတ်မျိုးပဲရှိတော့တာလေ။ ဘေးနားမှာရှိပေးသမျှလူတိုင်းက သူ့အပေါ်မှာ ဟန်ဆောင်မနေရင်၊ နောက်ကျောကို ဓားနဲ့မထိုးရင် တော်ပြီလို့ပဲ တွေးမိတော့တာ။ ဒါပေမဲ့ ဂျဲနိုကတော့ ဘယ်အရာကိုမဆို လွယ်လွယ်နဲ့ လက်လျှော့လိုက်တာမျိုးမရှိသူမို့ လွယ်လွယ်နဲ့လည်း ခွင့်မလွှတ်နိုင်နေဘူး။
"ဂျယ်မင်း .. "
"အင်း"
"ကိုယ့်လက်ကို တွဲပေးထား"
ဂျယ်မင်းက သူ့ရှေ့နားကိုရောက်လာတဲ့ ဂျဲနိုရဲ့လက်တွေကို ပြန်ကိုင်ပေးထားလိုက်ရသည်။ ဘာစကားကိုမှလည်း မပြောဖြစ်ဘူး။ ဒါက ဂျဲနိုကို စိတ်ဆိုးလို့မဟုတ်ဘဲ ဒီကိစ္စကြောင့် စိတ်တိုနေတဲ့ဂျဲနိုကို ဘယ်လိုထိန်းပေးရမလဲဆိုပြီး တွေးနေလို့။
ဂျဲနိုက စိတ်ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာ အားနည်းတဲ့သူမို့ ဝမ်းနည်းတာ၊ ပျော်တာ၊ စိတ်တိုတာ.. အကုန်လုံးကို မပြောင်းလဲတဲ့ မျက်နှာအောက်မှာ သိမ်းထားတတ်တာ။ ဒါပေမဲ့ ဂျယ်မင်းက တခြားသူမှမဟုတ်ဘဲ။ ဂျဲနိုရဲ့ မျက်လုံးလေး အရောင်ပြောင်းတာကအစ သေချာသိသူဆိုတော့ အခုလည်း ဂျဲနို စိတ်တိုနေလောက်ပြီလို့ တွေးနေမိ၏။
ESTÁS LEYENDO
tbh [Ongoing....]
FanficNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........