16

260 30 3
                                    

"နာဂျယ်မင်း!!! သေချာမလုပ်ဘူးလား!!!"

Dance practice လုပ်နေရင်း ရုတ်တရက် အအော်ခံလိုက်ရလို့ ဂျယ်မင်းအပါအဝင် တခြားသင်တန်းသားတွေပါ ရပ်တန့်သွားကြသည်။ ဂျယ်မင်းက မောဟိုက်နေတာမို့ အလုအယက် အသက်ရှူနေရင်း ရှေ့တည့်တည့် trainer ကို မဝံ့မရဲကြည့်လိုက်မိ၏။ အမြဲတမ်း သူ့ကိုပဲ ရွေးဆူ‌နေတတ်တဲ့ trainerတွေကြောင့် တခြားသင်တန်းသားတွေက ဂျယ်မင်းကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတော့တာ။

အမြဲတမ်း အဲ့လိုအဆူခံရတိုင်း လေ့ကျင့်နေတာကို အစကနေ ပြန်ပြန်စတတ်ရလို့ နားချိန်ကျော်သည်အထိ လေ့ကျင့်ရတာတွေလည်းရှိသည်။ vocal trainer ဆိုရင်လည်း ဂျယ်မင်းက နည်းနည်းလေး မှားသွားတာကအစ သည်းမခံ။ တခြားသူတွေမှားရင် ပြန်ကြိုးစားကြည့်ဖို့၊ ရေသောက်ဖို့၊ ခဏနားဖို့ပြောပေမဲ့ ဂျယ်မင်းကိုဆို တခြားသူတွေထက် နောက်ကျတဲ့အထိ ‌ဆူပူပြီး လေ့ကျင့်စေကြ၏။

ဂျယ်မင်းက ဝါသနာမပါဘဲနဲ့ audition ဝင်ပြိုင်ပြီး သင်တန်းသားဖြစ်လာခဲ့လို့ တခြားသူတွေထက်စာရင် တိုးတက်နှုန်းက အရမ်းနှေးနေမှန်း ကိုယ့်ကိုယ်ကိုယ်သိနေလည်း ဒီလိုမျိုး တခြားသင်တန်း‌သားတွေရှေ့မှာ နေ့တိုင်းနေ့တိုင်း အဆူခံနေရတော့ အားငယ်လာ‌ရသည်။

သူလည်း အစွမ်းကုန်ကြိုးစားနေတာမို့ အသိအမှတ်အပြုပေးစေချင်လည်း ဂျယ်မင်းက "သေချာမလုပ်ဘူးလား!" ၊ "အာရုံစိုက်မထားဘူးလား!" ၊ "နာဂျယ်မင်း ထပ်လုပ်မယ်!" ၊ "နာဂျယ်မင်းကလွဲရင် ကျန်တဲ့သူတွေ ပြန်လို့ရပြီ" ၊ "နာဂျယ်မင်း အိပ်ယာမထသေးဘူးလား" စတဲ့ အော်ဟစ်ဆူပူခြင်းတွေကို နှစ်နှစ်ပတ်လုံး ရရှိနေခဲ့တာဖြစ်သည်။

ဂျယ်မင်းနဲ့အတူတူ Audition အောင်လာတဲ့ ဂျီဆောင်းတောင် တခြားအဖွဲ့ထဲကို ပါသွားနေပြီကို ဂျယ်မင်းကတော့ အခြေခံအတန်းတွေမှာပဲ တောက်လျှောက်နေနေရတဲ့အပြင် အခုဆိုရင် အငယ်တွေကြားထဲမှာ သူတစ်ယောက်တည်း ကြီးကောင်ကြီးမားဖြစ်နေပြီး အငယ်တွေလောက်တောင် အသုံးမကျတဲ့သူလိုမျိုး အဆူခံနေရတာလေ။

ဂျယ်မင်းက မေးဖျားမှာ ‌တွဲခိုနေတဲ့ ချွေးတွေကို လက်ဖမ်ုးနဲ့ ဖိသုတ်လိုက်ရင်း trainer ကို ကြည့်နေမိတော့တာ။ အခုက Dance Practice အချိန်မို့ ဂျယ်မင်းတို့က ENT ထဲက စီနီယာတွေရဲ့ သီချင်းတွေကို cover ပြန်ကပြီး လေ့ကျင့်နေကြရတာဖြစ်၏။ ဒီတစ်ကြိမ်နဲ့ပါဆို ဒီလေ့ကျင့်ချိန်အတွင်း ဂျယ်မင်းအဆူခံရတာ လေးကြိမ်တိတိရှိနေပြီ။

tbh [Ongoing....]Where stories live. Discover now