သည်းသည်းမည်းမည်းရွာချနေတဲ့ မိုးစက်တွေကိုကြည့်ရင်း ဂျဲနိုနဲ့ ဂျယ်မင်းက ခပ်ကျဉ်းကျဉ်း အမိုးစွန်းလေးတစ်ခုအောက်မှာ ခပ်ခွာခွာလေး မတ်တပ်ရပ်နေမိကြသည်။
ဂျယ်မင်း အငိုတိတ်တဲ့အထိ ထိုင်စောင့်ပေးနေတုန်း ဘယ်အချိန်ကတည်းက အုံ့မှိုင်းနေလဲမသိတဲ့မိုးက ရွာချလိုက်တာမို့ ဂျဲနိုက ဂျယ်မင်းလက်ကိုဆွဲပြီး ထပြေးမိခဲ့တာပင်။ ဂျယ်မင်းက စိတ်အခြေအနေ ပြန်ကောင်းသေးပုံမပေါ်လို့ မိုးခိုနေတဲ့နေရာဘေးက ခြံတံခါးလေးကို မှီနေရင်း ငြိမ်နေသေးဆဲ။
ဒါကြောင့် ဂျဲနိုက ဂျယ်မင်းဘက်ကို ခဏခဏလှည့်ကြည့်နေမိပြီး စိတ်မကောင်းမဖြစ်ဖို့၊ မငိုတော့ဖို့ မှာချင်နေရတာလေ။ မိုးက ဘယ်အချိန်ထိ ရွာနေမလဲမသိတာမို့ မိုးတိတ်တဲ့အထိသာစောင့်နေရင် ဂျယ်မင်းလေး ဗိုက်ဆာနေမလားတွေးမိတော့ ဂျဲနိုက ဂျယ်မင်းအနားကို ကပ်သွားမိတော့တာ။
အဲ့ဒီအခါ ဂျယ်မင်းက ဂျဲနိုနဲ့ဝေးသွားအောင် ဘေးကိုရွှေ့လိုက်လို့ ဂျဲနိုက တအံ့တဩဖြစ်သွားရပြီး ခဏနေတော့ ဂျဲနိုက အနားကို ထပ်တိုး၊ ဂျယ်မင်းက ခြေတစ်လှမ်းရွှေ့နဲ့ နောက်ဆုံးမှာတော့ ဂျယ်မင်းက အုတ်တံတိုင်းနဲ့ ထိကပ်သွားလို့ ဆက်ရွှေ့ဖို့ နေရာမကျန်တော့။ ဒါကြောင့် ဂျယ်မင်းက ဂျဲနိုဘက်ကို လှည့်ကြည့်လာပြီး...
"ဘာဖြစ်လို့ လိုက်တိုးနေတာလဲ၊ ဟိုဘက်မှာသွားနေ"
"...."
ဂျယ်မင်း ပြောလိုက်ပေမဲ့ ဂျဲနိုကတော့ ဂရုမစိုက်သူလို မျက်လုံးလေးတွေ ကွေးကျအောင်ရယ်လိုက်ရင်း ဂျယ်မင်းအနားကို ထပ်တိုးလာလို့ ဂျယ်မင်းက အုတ်တံတိုင်းဘက်ကို ပိုပြီး တိုးကပ်ပစ်လိုက်ရ၏။
"ဗိုက်ဆာနေပြီလား"
"...."
"ဒီနားလေးမှာ စတိုးဆိုင်လေးမြင်ခဲ့တယ်၊ မင်း ဒီမှာစောင့်နေလေ၊ ငါ သွားဝယ်လိုက်မယ်"
"မိုးရွာနေတာကို ဘာလို့သွားမှာလဲ"
"မင်း ဗိုက်ဆာနေမှာစိုးလို့ပေါ့"
ဂျယ်မင်းက ဂျဲနိုကို ငေးခနဲ ကြည့်မိတော့တာ။ ရေတွေ ရွှဲနစ်နေတာတော့ မဟုတ်ပေမဲ့ စိုထိုင်းထိုင်းဖြစ်နေတဲ့ ဆံပင်တွေနဲ့ ဂျဲနိုက ကြည့်ကောင်းလို့နေသည်။ ဂျဲနိုကိုကြည့်နေရင်း ဂျယ်မင်းရဲ့မျက်နှာက တရှိန်ရှိန်နဲ့ ပူတက်လာရပြန်၏။ တကယ်ကိုပဲ... ဂျဲနိုက သူ့ကို သဘောကျနေတာလားလို့တွေးမိမှတော့ ဂျယ်မင်းက ဘယ်လိုလုပ်ပြီး မျက်နှာမပူဘဲ နေမိမှာတဲ့လဲ။
ESTÁS LEYENDO
tbh [Ongoing....]
FanficNCT DREAM × Fanfiction Ongoing × [ Unicode + Zawgyi ] Start - Jun 03, 2024 [MON] End - ........