23

530 32 59
                                    

*ဒုန်း!! ဒုန်း!!

"ဂျယ်မင်း! တံခါးဖွင့်လို့!"

"မဖွင့်ဘူး!"

"ဖွင့်ပေးဆိုနေကွာ.."

"မဖွင့်ပေးဘူး!!"

ဂျယ်မင်းနဲ့ဂျဲနိုက အိပ်ခန်းတံခါးကိုကြားခံထားပြီး အပြန်အလှန် အော်ပြောနေကြတာဖြစ်၏။ အပြင်ဘက်က ဂျဲနိုကလည်း တံခါးကို ဇွတ်လှည့်ဖွင့်နေသလို အတွင်းဘက်က ဂျယ်မင်းကလည်း တံခါးပွင့်သွားမှာစိုးလို့ တံခါးလက်ကိုင်ကို အားနဲ့ထိန်းထားမိဆဲ။

"ဂျယ်မင်း.. တံခါးဖွင့်ပေးပါဆိုကွာ"

"မဖွင့်ပေးဘူး! ပြန်တော့!!"

ဂျယ်မင်းက ပြန်အော်လိုက်တော့ ဂျဲနိုဘက်က တိတ်သွား၏။ ထို့ကြောင့် ဂျယ်မင်းက တံခါးပေါ်ကို နားနဲ့ကပ်ထားရင်း နားစွင့်ကြည့်နေမိတာလေ။ သို့ပေမဲ့ မိနစ်ပိုင်းလောက်ကြာတဲ့အထိ ဘာသံမှမကြားတော့ ဂျယ်မင်းက တံခါးလက်ကိုင်ကို လွှတ်ပြီး အသက်ကို ကတုန်ကယင်နဲ့ရှူလိုက်ရတော့တာ။

ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်တော့ အင်္ကျီကမပါ။ ဘောင်းဘီဇစ်က ပြုတ်နေပြီး တော်တော်လေး ရှက်ဖို့ကောင်းတဲ့အနေအထားဖြစ်နေတာလေ။ ထို့ကြောင့် ဂျယ်မင်းက ကိုယ့်ပါးကိုယ် လက်ဝါးအေးအေးတွေနဲ့ အုပ်ကိုင်ထားရင်း ခေါင်းကို တရစပ်ခါထုတ်ပစ်နေမိတော့တာ။

"အား... မဖြစ်ရဘူး! မဖြစ်ရဘူး!"

ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရင်း ဘောင်းဘီဇစ်တွေပြန်ဆွဲ၊ အောက်ကျနေတဲ့ တီရှပ်ကို ပြန်ကောက်စွပ်၊ နောက်ပြီး တွန့်ကြေနေတဲ့အိပ်ယာပေါ် ဝင်လှဲရင်း ခုနကအကြောင်းတွေကို တွေးမိနေတော့တာ။

ခုနက ဂျဲနိုက ရောက်လာလာချင်း သူ့ကို ပျော့ခွေသွားမတတ် နမ်းလာပြီး အိပ်ခန်းထဲအထိ ဆွဲခေါ်လာတာလေ။ နောက်ပြီး ဂျယ်မင်းကို အုပ်မိုးထားရင်း လက်တွေက အငြိမ်မနေဘဲ ဂျယ်မင်းရဲ့ တီရှပ်အောက်ကို လျှိုဝင်လာပြီး ထူးဆန်းတဲ့ခံစားချက်တွေဖြစ်လာအောင် အထက်အောက်ပွတ်သပ်နေခဲ့၏။

ဂျယ်မင်းက လက်တွေကို ဆွဲတားမိတော့ ဂျဲနိုက ရုန်းထွက်ပြီး ဂျယ်မင်းရဲ့လက်တွေကို ဖိထားရင်း ဂျယ်မင်းအပေါ် ခွထိုင်လာခဲ့သည်။ နောက်တော့ ဂျဲနိုက သူ့တီရှပ်သူဆွဲချွတ်ပြီး ဂျယ်မင်းကိုပါ ဆွဲထူရင်း တီရှပ်ကို ဆွဲချွတ်၏။ အဲ့လောက်အထိက ဘာပြဿနာမှမရှိတာမို့ ဂျယ်မင်းက လက်သင့်ခံနိုင်ပေမဲ့ ဂျဲနိုက သူ့ခန္ဓာကိုယ်ပေါ် ဟိုဟိုဒီဒီ နမ်းလိုက်ကိုက်လိုက်လုပ်ရင်း လက်က အောက်ပိုင်းကိုရောက်လာတော့ ဂျယ်မင်း‌က မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားသွားရတော့တာလေ။

tbh [Ongoing....]Where stories live. Discover now