24

432 32 18
                                    

"...ဂျဲနို.."

"အွန်း နိုးပြီလား"

ဂျယ်မင်းက မျက်လုံးတွေပေါ် ဖိပွတ်ရင်း အိပ်ယာထဲမှာ ထထိုင်တော့ ဂျဲနိုက သူ့ရှေ့မှာထိုင်ပြီး ပြုံးကြည့်လာသည်။ ဂျဲနိုက ဘယ်အချိန်ကတည်းက နိုးနေတာလဲ။ ရှင်းသန့်နေတဲ့မျက်နှာ၊ သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ အဝတ်အစားတွေ‌နဲ့ မနက်ခင်းမှာကတည်းက ကြည့်ကောင်းနေပြီ။

"ဘာကြည့်နေတာလဲ"

ဂျဲနိုက သူ့ပါးကို လာဖျစ်ညှစ်ရင်း မေးလာတော့မှ ဂျယ်မင်းက အကြည့်လွှဲမိလိုက်တော့သည်။ ရုတ်တရက်ကြီး တစ်ကိုယ်လုံး တရှိန်ရှိန်နဲ့ ပူပြင်းလာခြင်းက ရှက်နေရလို့လေ...။ ဘာလို့ရှက်ရလဲဆိုရင် ဂျဲနိုက သူ့ကို အရည်ပျော်ကျသွားစေနိုင်တဲ့ အကြည့်မျိုးနဲ့ ကြည့်နေခဲ့လို့...။

"ထပ်အိပ်ဦးမှာလား"

"... ဘယ်နှနာရီရှိပြီလဲ"

"(၉)နာရီ...၊ ညနေမှ ပြန်ရမှာမို့လား"

ဂျယ်မင်းက ခေါင်းငြိမ့်ပြလိုက်ရ၏။ ဂျဲနိုက ဘယ်လိုသိနေလဲဆိုတာကို တွေးဖို့တောင် မတတ်နိုင်ခဲ့။ ဂျဲနိုကို ကြည့်လည်းမကြည့်ရဲတော့။ အိမ်မှာဆိုလည်း အိပ်တဲ့အခါ naked နဲ့ အိပ်တာပေမဲ့ ဂျဲနိုရှေ့မှာ အောက်ပိုင်းကိုပဲ စောင်ခြုံထားပြီး အပေါ်ပိုင်းက naked နဲ့ထိုင်ရတာ သက်သောင့်သက်သာမဖြစ်ခဲ့။

"ကိုယ်က အလုပ်သွားရဦးမှာ"

"စကားကို ဘယ်လိုပြောနေတာလဲ"

"ဘယ်လိုပြောနေလို့လဲ"

ဂျဲနိုက အီစီကလီနိုင်လှတဲ့အသံနဲ့ပြောနေလို့ ဂျယ်မင်းက အမြင်ကတ်လာတော့တာ။ တစ်ခါလောက် အလျှော့ပေးတာနဲ့ သူ့ကိုယ်သူ "ကိုယ်" ဆိုပြီးသုံးနေတော့ ဂျယ်မင်းက အမြင်မကတ်ရတော့ဘူးလား။ မသိရင် အမြဲတမ်း ဂျယ်မင်းက အလျှော့ပေးမယ်လို့ ယုံကြည်နေသလိုမျိုး...။

"အိပ်ဦးမှာလား"

"မအိပ်တော့ဘူး၊ ဟိုတယ်ပြန်တော့မယ်"

"အွန်း၊ ဒါဆို မင်းကို အရင်လိုက်ပို့ပေးမယ်"

"ရတယ် ငါ့ဘာသာပြန်... အား!!!"

tbh [Ongoing....]Where stories live. Discover now