05

260 32 25
                                    

ဂျဲနိုက ဆန်ပြုတ်ပူပူလေးတွေထည့်ထားတဲ့ အပူခံဘူးလေးကိုပွေ့ပိုက်ရင်း တစ်လျှောက်လုံး ပြုံးနေမိတော့သည်။ ဘယ်လောက်တောင် ပြုံးမိနေလဲဆို ကားမောင်းနေတဲ့ ဦးလေးကြီးတောင် သတိထားမိတဲ့အထိဖြစ်၏။ ဒီနေ့တော့ မေမေနဲ့အတူတူ အိမ်ကနေထွက်လာရတာမို့ ဂျဲနိုက မေမေ့ဘေးကို ကပ်ချွဲနေမိတော့တာ။ ခဏနေရင် မေမေက သူ့အတွက် ဖုန်းအသစ်တစ်ခု ထပ်ဝယ်ပေးဦးမှာလေ။ ဂျဲနိုကတော့ ဂျယ်မင်းဆီမှာရှိတာနဲ့ ဆင်တူဖြစ်တဲ့တစ်ခုကိုပဲ ဝယ်လိုက်ဖို့ တွေးနေမိ၏။

"ကဲ...ဆင်း! အလိုမလိုက်တော့လည်း မလိုက်‌လို့၊ အလိုလိုက်တော့လည်း ဆိုးလွန်းတဲ့ကောင်လေး!"

မေမေက ဂျဲနိုရဲ့နားကို မနာအောင်ဆွဲရင်း ပြောလာလို့ ဂျဲနိုက မျက်လုံးကလေးတွေ ကွေးကျသွားတဲ့အထိ ရယ်ပြလိုက်မိ၏။ ထို့နောက် မေမေနဲ့အတူတူ ဖုန်းဆိုင်ထဲဝင်လာပြီး ဂျယ်မင်းဆီမှာရှိတဲ့ဟာနဲ့ ဆင်တူဖြစ်တဲ့ဖုန်းကို ဝယ်ယူလိုက်ရသည်။

"ကဲ..ဒါဆို ကျောင်းကို ဖြောင့်ဖြောင့်သွားတော့နော်၊ မေမေက ဒီနေ့ အလုပ်ရှိသေးလို့ ကျောင်းထိ မပို့တော့ဘူး"

"မေမေ ဒီနေ့ ရုံးတက်ဖို့ရှိတာလား"

"အင်း၊ အိမ်ပြန်တာလည်း နည်းနည်းနောက်ကျမယ်ထင်တယ်၊ တကယ်လို့ ဖေဖေအိမ်ပြန်ရောက်ရင် မေမေ့ဆီကို စာပို့ထားလိုက်၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့ မေမေ"

"အွန်း....လာပါဦး၊ အမလေး၊ လိုချင်တာတွေရပြီး လုပ်ချင်တာတွေ လုပ်နေရတော့ ပျော်နေပြီပေါ့ ဟုတ်လား"

"မေမေ့ကျေးဇူးတွေပါ"

ဂျဲနိုရဲ့စကားကြောင့် မေမေက သဘောတကျနဲ့ရယ်တော့သည်။ ထို့နောက် ဂျဲနိုကို ကားပေါ်ပြန်တက်ခိုင်းပြီး မေမေကတော့ တရားချမှတ်ရမဲ့ ကိစ္စတွေရှိနေလို့ တရားရုံးအထိ တက္ကစီနဲ့ပဲ သွားတော့မှာဖြစ်သည်။

"သားသား ချစ်တယ်နော်"

"ဟုတ်..သားရော မေမေ့ကို ချစ်တယ်နော်"

မေမေက ဂျဲနိုရဲ့ ပါးကို အသာလေး လှမ်းဖဲ့ပြီး ကားတံခါးကို ပိတ်ပေး၏။ ထို့နောက် နောက်ကိုနည်းနည်းဆုတ်ပေးပြီး ဂျဲနိုကို တာ့တာပြလာတာမို့ ဂျဲနိုလည်း ဖလိုင်းကစ်တွေအများကြီးပြန်ပေးရင်း မေမေ့ကို မမြင်ရတော့တဲ့အထိ ပြန်လှည့်ကြည့်မိရသည်။ မေမေနဲ့ အဝေးကြီးကိုရောက်လာတော့မှ...

tbh [Ongoing....]Where stories live. Discover now