12

285 27 20
                                    

~ဂျယ်မင်း အိပ်နေပြီလား

နမ့်ဆန်တာဝါကနေအပြန် အိမ်ပြန်ချိန်နောက်ကျလို့ မနည်းပြန်လွှတ်လိုက်ရသူက ညဉ့်နက်တဲ့အထိ အိပ်သေးပုံမရဘဲ စာပို့လာလို့ ဂျယ်မင်းက တအံ့တဩဖြစ်နေရတော့သည်။ သူတို့ပြန်လာတော့တောင် ည(၉)နာရီကျော်နေပြီမို့ တကယ်ဆို ပင်ပန်းပြီး အိပ်သင့်နေပြီမဟုတ်လား။ ဂျယ်မင်းက ဂျဲနိုရဲ့စာကို ဝင်မဖတ်သေးဘဲ ပြန်ဖြေရမလို မဖြေရမလိုနဲ့ အတွေးများနေ‌တော့သည်။ သို့ပေမဲ့...

~မအိပ်သေးဘူး

သူ့ဘက်က ပို့လိုက်တာနဲ့ မျှော်နေပုံရတဲ့ဂျဲနိုက ချက်ချင်းကို seen ဖြစ်သွားတဲ့အပြင် စာတွေပြန်ရေးနေတာမို့ အစက်ကလေးသုံးစက်က တလှုပ်လှုပ်ဖြစ်နေလေသည်။ ဂျယ်မင်းမှာတော့ ဂျဲနို ဘာပို့လာမလဲဆိုတာကို လက်သည်းကိုက်ရင်း စောင့်နေမိ၏။

ပြီးခဲ့တဲ့ နာရီပိုင်းကမှ သူတို့တွေ အနေရခက်စေမဲ့ လုပ်ရပ်တွေ လုပ်ထားကြတာမဟုတ်လား။ လူကြပ်နေတဲ့ ရထားထဲမှာ အချင်းချင်း ဖက်ထားခဲ့မိတာလေ။ နောက်ပြီး နမ့်ဆန်တာဝါပေါ်မှာတုန်းကလည်း သော့ချိတ်ကလေးတစ်ခုပေါ်မှာ သူတို့နှစ်ယောက်နာမည်ရေးပြီး ချိတ်ခဲ့ကြသေးတာ။ ဒါမျိုးတွေဆိုတာ သူငယ်ချင်းတွေ လုပ်လို့ရတဲ့ အရာတွေမှမဟုတ်ဘဲ။

ဒါဆို သူတို့နှစ်ယောက်က ဘာတွေလဲဆိုတော့ ဂျယ်မင်းမှာ အဖြေမရှိပြန်။ သူငယ်ချင်းလို့ပြောရအောင်လည်း သူငယ်ချင်းတွေပေးကြတာထက်ပိုတဲ့ ဂရုစိုက်မှုတွေကို ပိုလိုချင်သူက သူကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ ဒါဆို....။

ဂျယ်မင်းက ရုတ်တရက်ကြီး လန့်သွားလို့ လက်သည်းကို ဖိကိုက်မိတော့ ဆစ်ခနဲ နာသွားခြင်းနဲ့အတူ လက်သည်းထိပ်ကနေ သွေးတွေစိမ့်ထွက်လာတော့သည်။ ပြဿနာ! သူလည်း တကယ်ကို အရူးလိုမျိုး လျှောက်တွေးနေမိတော့တာ။ တကယ်ဆို ဂျဲနိုက သူ့ကို သူငယ်ချင်းလိုပဲ သဘောထားနေတာလေ။ နောက်ပြီး ဟယ်ချန်းကိုတောင် မကျော်နိုင်တဲ့ ခင်မင်မှုမျိုးပဲကို၊ ဒီလိုတွေလျှောက်တွေးနေမိတာကိုသာ ဂျဲနိုဖြစ်ဖြစ် ဟယ်ချန်းဖြစ်ဖြစ် သိသွားမယ်ဆို သူကတော့ အရင်ကလို အပယ်ခံလေးဖြစ်သွားဦးမှာပါပဲ။

tbh [Ongoing....]Where stories live. Discover now