21

348 35 86
                                    

"ဟင်?! ဂျယ်မင်း.."

ဂျဲနိုက အိပ်ယာထဲကနေ ဝုန်းခနဲထပြီး ဂျယ်မင်းကို လိုက်ရှာမိ၏။ မနေ့ညက မအိပ်ကြသေးခင် သူက ဂျယ်မင်းကို ဖွင့်ပြောခဲ့တဲ့အပြင် နမ်းလည်းနမ်းခဲ့မိသေးတာ။ ဒါပေမဲ့ ဂျယ်မင်းကတော့..."နောက်ကျနေပြီ၊ အိပ်ရအောင်" ဆိုပြီး လှဲအိပ်သွားတော့တာမို့ ဂျဲနိုက ငုတ်တုပ်ကြီးထိုင်နေမိရင်းက ကြောင်တောင်တောင်နဲ့ ကျန်ရစ်ခဲ့ရသည်။

အစကတော့ သူ ဂျယ်မင်းကို စကားဆက်ပြောလိုက်ဖို့ စဉ်းစားလိုက်သေးပေမဲ့ တကယ်လည်း နောက်ကျနေပြီမို့ ကိုယ့်အိပ်ယာပေါ်ကိုယ်ဝင်လှဲရင်း သူက ဂျယ်မင်းကို တကယ်ကြီးဖွင့်ပြောဖြစ်တဲ့အပြင် တကယ်ကြီးနမ်းခဲ့မိတဲ့အကြောင်းကို မယုံနိုင်ခြင်းများစွာနဲ့ အထပ်ထပ်အခါခါတွေးပြီးအိပ်မပျော်ခဲ့။ သို့ပေမဲ့ ခဏလေး အိပ်ပျော်သွားတဲ့အချိန်မှာ ဂျယ်မင်းက ဘယ်ကိုပျောက်သွားတာလဲ။

မဟုတ်မှ... ဂျယ်မင်းက သူ့ကို စိတ်ဆိုးသွားတာလား?

ဂျဲနိုက တစ်နေ့တာကိုစတင်ဖို့ မျက်နှာသစ်ဖို့ဘာဖို့တွေကိုတောင် မလုပ်နိုင်သေးဘဲ အိပ်ယာထဲမှာထိုင်ပြီး လျှောက်တွေးနေမိတော့သည်။ နောက်တော့ မျက်နှာသစ်တာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တာတို့ကို ခပ်မြန်မြန်လုပ်၊ ယူနီဖောင်းတွေလဲပြီးတာနဲ့ ဂျယ်မင်းရှာပုံတော်ဖွင့်ရ၏။

တကယ်ပဲ.. မနက်အစောကြီးပဲရှိသေးတာကို ဂျယ်မင်းက ဘယ်သွားလိုက်တာလဲ။ ခါတိုင်း သူနှိုးရင်တောင် မထချင်လို့ မကြားချင်ယောင်ဆောင်ရတာကတစ်မျိုး၊ "ငါးမိနစ်‌ပဲနော်"ဆိုပြီး ဈေးဆစ်အိပ်ရတာကတစ်မျိုးနဲ့ အိပ်ရေးမက်သူက ဒီနေ့မှ စောစောစီးစီးထသွားတယ်ဆိုတော့ မနေ့ညကကိစ္စကြောင့်ကလွဲပြီး ဘာများဖြစ်နိုင်ဦးမှာတဲ့လဲ။

ဂျဲနိုက အဆောင်ထဲမှာ ဟိုဝင်ဒီထွက်နဲ့ ဂျယ်မင်းကိုလိုက်ရှာနေလည်းမတွေ့တော့။ ထို့ကြောင့် ရှာနေတာကိုရပ်ပြီး မနက်ခင်း အပြေးလေ့ကျင့်ရမဲ့ဘက်ကို ထွက်လာခဲ့လိုက်၏။ ထိုအခါမှ လက်သည်းတွေကိုက်နေရင်း လမ်းပတ်လျှောက်နေတဲ့ ဂျယ်မင်းကိုတွေ့ရတော့တာလေ။

tbh [Ongoing....]Waar verhalen tot leven komen. Ontdek het nu