04

245 30 12
                                    

ဂျဲနိုက မေမေနဲ့ မျက်နှာချင်းမဆိုင်ဖြစ်တော့တာ တစ်ပတ်လောက်တောင်ရှိသွားပြီ။ သူ ဘယ်ကနေ သတ္တိတွေရလာလည်းမသိပေမဲ့ ဂျဲနိုက ဒီရက်ပိုင်းတွေမှာ ဆယ်ကျော်သက်အရွယ် ပုန်ကန်တတ်တဲ့ကောင်လေးဖြစ်လို့နေ၏။ ပုံမှန်ဆို ဖေဖေ ခရီးသွားတဲ့ရက် ဒါမှမဟုတ် ဖေဖေ ပြန်လာဖို့ မအားလပ်တဲ့ရက်တွေမှာဆို ဂျဲနိုက မေမေနဲ့အတူတူ ညစာစားရင်း စကားပြောနေကျမို့ ဂျဲနို မေမေ့ကို ရှောင်နေတာကို မေမေလည်း သတိမထားမိဘဲနေမှာမဟုတ်။

ဖေဖေက သဘောကောင်းပြီး လိုက်လျောတတ်တဲ့ ပုံစံမျိုးဆိုရင် မေမေက ဘာမဆို ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်တတ်ပြီး အလျှော့မ‌ပေးတတ်တဲ့ပုံစံမျိုးပင်။ ဂျဲနိုက ဖေဖေ့ဆီကရော မေမေ့ဆီကပါ အဲ့ဒီစိတ်ထားတွေကို အမွေရထားတဲ့ ကောင်ကလေးတစ်ယောက်ဖြစ်လို့နေတာကို မေမေသိပုံမရ။ ခေါင်းမာတတ်တဲ့အကျင့်ကလေးနဲ့ တဇွတ်ထိုးဆန်တတ်တဲ့ အကျင့်တွေက မေမေ့ဆီက ရထားတယ်ဆိုတာ ငြင်းဖို့မလိုအပ်ခဲ့ပါချေ။

ဂျဲနိုက ပုန်ကန်တတ်တဲ့ကောင်လေးဆို မေမေက ဂျဲနိုကို သူ့ရှေ့မှာ ပြားပြားဝပ်လာအောင် စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်၏။ ဂျဲနို ပုန်ကန်နေမှန်းသိလည်း မေမေက တစ်စက်ကလေးတောင် လာမဖြောင်းဖျလို့ ဂျဲနိုလည်း အသံတိတ်တွေ ဆန္ဒပြရင်း ကျောင်းကိုတောင် ထမင်းဘူးမထည့်တော့။ အဲ့ဒီလိုလုပ်တော့ မေမေကလည်း ဂျဲနိုအတွက် ထမင်းဘူးမပြင်ပေးတော့ပေ။

နေ့လည်စာ ထမင်းဘူးမရှိတဲ့ ဂျဲနိုက ကျောင်းမှာ ဗိုက်ဆာလာရင် ဂျယ်မင်းနဲ့အတူတူ နေ့လည်စာသွားစားဖြစ်၏။ ဂျယ်မင်းကလည်း ဆေးတွေသောက်ဖို့လိုအပ်နေသလို ဂျဲနိုကလည်း အနားမှာရှိချင်နေတာမို့ သူတို့နှစ်ယောက်က ခွဲမရတဲ့ သံလိုက်တုံးကလေးတွေလိုမျိုး တပူးပူးတတွဲတွဲဖြစ်လို့လာသည်။

ဂျယ်မင်းက အပူအစပ်တွေ စားလို့မရသေးတော့ သူတို့တွေ အများဆုံးစားဖြစ်တာက ဆန်ပြုတ်တွေ၊ ငါးအူချောင်းတွေဖြစ်ခဲ့ရသည်။ ဂျဲနိုက လုံးဝအရှင်း နေမကောင်းသေးလို့ မျက်နှာကလေးချောင်ကျနေသေးတဲ့ ဂျယ်မင်းကိုကြည့်ပြီး ငိုချင်ရက်လက်တို့..သနားမိတိုင်း မျက်ရည်ဝဲနေရတော့တာ။

tbh [Ongoing....]Where stories live. Discover now